Eliminated
ဘာမှကို မပြောချင်တော့ပေ။ ပြောနိုင်တဲ့ အင်အားထက် ပြောချင် စိတ်ကို မရှိနေပေ။ အားလုံး သိကြသည့် United အကြောင်းပဲပေါ့။ FA Cup Round 5 အဆင့်ကနေပဲ နှုတ်ဆက် ထွက်ခွာ ခဲ့ရပြီ။ အိမ်ကွင်းမှာ Fulham ကို အနိုင်မယူနိုင်ခဲ့ပေ။ ပထမပိုင်း ပြီးခါနီးမှာ Fulham တို့ ဦးဆောင်ဂိုး ရသွားခဲ့၏။ ဒုတိယပိုင်း 71 မိနစ်မှာ United တို့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။ မိနစ် 90 ပြည့်သည်အထိ တဖက် တဂိုးစီ သရေကျနေသဖြင့် အချိန်ပို ဆက်ကစားကြ၏။
အချိန်ပိုမှာလည်း ဘယ်သူကမှ ဂိုး ထပ်မသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရ၏။ ပင်နယ်တီမှာတော့ United တို့ 3-4 ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ United ၏ FA Cup ခရီးစဉ်ကတော့ ဒီမှာပဲ နိဋ္ဌိတံ သွားခဲ့လေပြီ။ လာမယ့် ရာသီ ဥရောပ ပြိုင်ပွဲများ ကစားခွင့်လည်း ဆုံးရှုံးလို့ သွားခဲ့ရလေတော့၏။ မနှစ်က FA Cup ချန်ပီယံ ပေမယ့် ဒီနှစ်တော့ Round 5 နဲ့ ထွက်ခဲ့ရပြီ ဖြစ်၏။
လက်မခံချင်ပေမယ့် လက်ခံရမယ့် ရလဒ် ဖြစ်၏။ ဒါသည်ပင် အသင်း၏ လက်ရှိ အခြေအနေမှန်ပင် ဖြစ်၏။ United က တအိအိနဲ့ ယိုယွင်းလို့နေပြီ ဖြစ်၏။ ဘာတွေ မှားနေလဲ ဘာတွေ ပြင်ဆင်ရမလဲ။ ခုထိ အဖြေမှန် ရှာလို့ မတွေ့သေးပေ။ မြန်မာစံတော်ချိန် ည 11 နာရီမလို့ ကြည့်မိပါတယ်။ စိတ်ဒုက္ခသာ ထပ်ပေးလေ၏။ နည်းပြ ပြောင်းတယ်၊ ကစားသမား ပြောင်းတယ် ဘာမှ မထူးလာပေ။ အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ဝင် ပြောင်းမှပဲ ရမယ်။ အဲ့တာမှ မရရင်တော့ ပရိတ်သတ်သာ ပြောင်းဖို့ ကျန်တော့ လေ၏။
United men အသင်း ရှုံးခဲ့ ပေမယ့် women အသင်းကတော့ Leicester City women အသင်းကို 2-0 ဖြင့် အနိုင်ရသွားခဲ့၏။ Chelsea women အသင်းက Brighton women အသင်းနဲ့ 2-2 သရေကျသွား ခဲ့သဖြင့် 5 မှတ်သာ ကွာတော့၏။ သူများ ဘာဖြစ်ဖြစ် ကိုယ်က အကောင်းဆုံး လုပ်နေဖို့ လိုသည် မဟုတ်လား။ အခွင့်အရေးက သူ့သူ ရောက်လာ ပေလိမ့်မည်။ ကံကြမ္မာသာ မျက်နှာသာ ပေးခဲ့ရင် မျှော်လင့်ထားတာတွေ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
(photos from Respective Facebook pages)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 160000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: