Again?

Boxing Day အဖွင့်ကတော့ အနီကဒ်တွေ တော်တော်များတယ်လို့ ပြောရပါလိမ့်မယ်။ မနေ့က ပွဲစဉ် 8 ပွဲ ကစားခဲ့တာ 3 ပွဲ တိတိ အနီကဒ် ပွဲစဉ်တွေ ပါဝင်နေပါတယ်။ ဒီထဲမှာ ကျနော်တို့ Man United Captain ကြီး Bruno Fernandes ရဲ့ အနီကဒ်လည်း အပါအဝင်ပေါ့လေ။ ဒုတိယပိုင်း အစ 47 မိနစ်လောက်မှာပဲ အနီကဒ် ပြခံထိခဲ့တာပါ။ United တို့ လက်ကျန် မိနစ်တွေကို တယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ Bruno အထုတ်မခံရပြီးနောက် Wolves တို့ ဦးဆောင်ဂိုး သွင်းပါတယ်။ အိမ်ကွင်း ကစားပုံ ကောင်းတဲ့ Wolves ကို United တို့ တယောက်လျော့နဲ့ ယှဉ်ကစားဖို့က မဖြစ်နိုင်ပါဘူး။ နာကျင်အချိန်ပိုမှာတော့ Guardiola က The Korean Guy လို့ ခေါ်တဲ့ Hwang က နောက်တဂိုး ထပ်သွင်းလို့ United တို့ Wolves ကို 2-0 နဲ့ အရှုံးပေးခဲ့ရပါတယ်။

Tottenham ကို EFL Cup မှာ ရှုံးပြီးကတည်းက United တို့ ရှုံးပွဲ ဆက်နေခဲ့ပါတယ်။ နောက်ဆုံး ကစားထားတဲ့ 3 ပွဲလုံး ရှုံးထားပါတယ်။ Man City ကိုတောင် သွား သတိရမိပါသေးတယ်။ သူတို့လည်း Tottenham ကို EFL Cup မှာ ရှုံးပြီးကတည်းက ရလဒ်တွေ ဆိုးနေခဲ့တာ ခုထိပဲကိုး။ မနေ့က Everton ကို အိမ်ကွင်းမှာ 1-1 သရေကျခဲ့ပါတယ်။ 53 မိနစ်မှာ ရတဲ့ ပင်နယ်တီကိုသာ Haaland တယောက် ဝင်အောင် ကန်နိုင်ခဲ့ရင် City တို့ 3 မှတ်ရမှာပါ။ ခုတော့ သရေ 1 မှတ်သာ ရခဲ့ပါတယ်။ Manchester ညီအကိုတွေ ကံမကောင်းနေတာ ကြာပါပြီ။

နိုင်ပွဲတွေ ဆက်ပြီး အဆင့် 2 နေရာထိ တက်လှမ်းလာတဲ့ Chelsea အသင်းဟာ Fulham ကို အိမ်ကွင်းမှာ 1-2 နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို 16 မိနစ်မှာ Palmer က သွင်းယူခဲ့ပေမယ့် Fulham အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို 82 မိနစ်နဲ့ 90+5 မိနစ်တွေမှာ Wilson နဲ့ Muniz တို့က သွင်းယူသွားခဲ့ပါတယ်။ Nottm Forest အသင်းက 1 မှတ်အကွာ အဆင့် 3 ကနေ Chelsea ကို ဖိအားပေးထားပါတယ်။ မနေ့က ပွဲမှာ Forest တို့ Tottenham ကို အိမ်ကွင်းမှာ 1-0 နဲ့ အနိုင်ရခဲ့ပါတယ်။

Chelsea အရှုံးက Arsenal အတွက်တော့ အခွင့်အရေးပါပဲ။ နက်ဖြန် ကစားမယ့် Ipswich နဲ့ အိမ်ကွင်း ပွဲစဉ်ကိုသာ အနိုင်ကစားနိုင်ခဲ့ရင် အဆင့် ၂ နေရာကို တက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။ Arsenal ထပ် ပိုပြီး အခွင့်အရေးရသွားတဲ့ အသင်းကတော့ Liverpool ပါပဲ။ မြန်မာစံတော်ချိန် မနက်အစောက ကစားသွားတဲ့ Leicester City နဲ့ ပွဲစဉ်မှာ 3-1 နဲ့ အနိုင်ရပြီး အဆင့် 2 က Chelsea ကို 7 မှတ် ဖြတ်ထားပါတယ်။ ဒါတောင် Liverpool က တပွဲလျော့ နေပါသေးတယ်။

ဒီဇင်ဘာ ပွဲကြပ် ကာလက အသင်းတွေကို အရည်အချင်း စစ်မယ့်လလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီကာလမှာ အမှတ်တွေ ရနိုင်သလောက် ယူထားနိုင်မှပဲ အဆင်ပြေပါလိမ့်မယ်။ ရှုံးပွဲကြောင့် United တို့ အဆင့် 13 ကနေ အဆင့် 14 နေရာ ရောက်သွားခဲ့ပါတယ်။



0
0
0.000
3 comments