ယူနိုက်တက်ရေ ...

United ရေ။ ပြောချည်း ပြောနေရလို့ ပြောကို မပြောချင်တော့ပေ။ ရှုံးပြန်ပြီ။ EPL ပွဲစဉ် ဆိုရင်ကို အသင်းက ပိုပြီး ဆိုးနေသလိုပင်။ စွဲဆောင်ဖို့ မပြောနဲ့ ဘာအကွက်နဲ့ ဘယ်လို ကစားရမယ်မှန်းမှ သိကြရဲ့လားကို မသိပေ။ နည်းပြ ကစားလိုသည့် ကစားကွက်ကို ကစားသမားတွေက လိုက်မကစား ပေးနိုင်ကြပေ။ နောက်တန်း ၃ ယောက် ပုံစံနဲ့ ကစားသည့် နည်းပြကို ခေါ်ထားတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းနဲ့ တောင်ပံ ကစားသမား ကောင်းကောင်းကြ မခေါ်ပေးဘူး။ Amorim ခမြာ သနားစရာ။ ပေါ်တူဂီမြေမှာ မထင်မှတ်တာတွေ လုပ်ပြခဲ့သည့် ဘဲ အင်္ဂလန်မြေမှာတော့ အရှက်တကွဲတွေ ဖြစ်နေခဲ့ရ၏။

ဒီလိုသာ ဆိုရင် နည်းပြတွေက ပြဿနာ မဟုတ်ဘဲ ဘုတ်အဖွဲ့က ပြဿနာ ဖြစ်နေခြင်း ဖြစ်၏။ အသင်းကို ဆွဲချနေတာ ဒင်းတို့ ဖြစ်၏။ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူမခေါ်ပေးဘဲ ရှိသည့် ကစားသမားတွေကိုတောင် အငှား ထပ်ချလိုက်သေး၏။ ကောင်းရော။ ဒီကြားထဲ ဒဏ်ရာရ ကစားသမားတွေက ချက်ချင်းကြီး တိုးသွားခဲ့၏။ ရေနစ်သူ ဝါးကူထိုးခံရသည့် Amorim ပင်။ သူ့မှာ လက်ရှိ ပုစ္ဆာ အတွက် အဖြေ ရှိရဲ့လား။ အဖြေ ရှိပေမယ့် မတွက်နိုင်၊ မတွက်ရဲတာလား။ သူ ကိုယ်တိုင်ပဲ သိပေလိမ့်မည်။

မနေ့က အဝေးကွင်းမှာ Tottenham ကို 1-0 နဲ့ ရှုံး၏။ 13 မိနစ်မှာ သွင်းသူခဲ့သည့် Maddison ၏ တလုံးထဲသော ဂိုးဖြင့် အရှုံးပေးခဲ့ရခြင်း ဖြစ်၏။ ပွဲနဲ့ ပတ်သက်လို့ ဘာမှ မပြောလိုတော့ပေ။ ရလဒ်ပိုင်း ခြေစွမ်းပိုင်းက စလို့ပေါ့။ ယခုပွဲနိုင်တဲ့ Tottenham က အဆင့် 12 ရောက်သွားပြီး United ကတော့ အဆင့် 15 ထိ ဆင်းသွားခဲ့၏။ သူ့ အောက်မှာ 5 သင်းသာ ကျန်တော့၏။ United အနေအထားကြီးနဲ့ အဆင့် 15 တဲ့။ ရှက်ဖို့ ကောင်း၏။

25 ပွဲ ကစားအပြီး 29 မှတ် ရထား၏။ ရမှတ်က ကစားထားသည့် ပွဲ အရေအတွက်ထက် 4 မှတ်သာ ပို၏။ အဆင့် 1 က Liverpool က 25 ပွဲ ကစားအပြီး အမှတ် 60 ရထား၏။ 2 ဆ ကွာနေခဲ့၏။ ဒီရာသီ United ကတော့ ကျနော် အားပေးခဲ့သမျှ သက်တမ်းတလျောက် အဆိုးရွားဆုံး United ဖြစ်ပေလိမ့်မည်။ တချိန်က အောင်မြင်မှုတို့က ပုံပြင်တွေ ဖြစ်သွားခဲ့ပြီ။

United women အသင်းကတော့ နိုင်ပွဲ ဆက်နေခဲ့၏။ အိမ်ကွင်းမှာ Crystal Palace women အသင်းကို 3-1 ဂိုးဖြင့် အနိုင်ယူပြီး အဆင့် 2 နေရာကနေ 7 မှတ်အကွာဖြင့် Chelsea women အသင်းကို ဖိအားပေးထား၏။ မြို့ခံ ပြိုင်ဘက် City ကတော့ ဒီတပတ်မှာ နှစ်သင်းလုံး ပြိုင်ဘက်တွေကို ဂိုးပြတ် နိုင်ကြ၏။ City men အသင်းက New Castle ကို 4-0 နဲ့ City women အသင်းက Liverpool women အသင်းကို 4-0 နဲ့ အသီးသီး အနိုင်ရသွားခဲ့၏။

‌အမြဲတမ်းတော့ မနိုင်နိုင်ဘူးလေ ဆိုပေမယ့် အမြဲတမ်း နီးပါးကြီး ရှုံးနေတာမျိုးကြတော့လည်း မဟုတ်သေးပေ။ ရှုံးခဲ့ရင်တောင် ကစားပုံ၊ ကစားကွက် ကောင်းရဲ့သားနဲ့ ရှုံးတာမျိုးဆို ခံသာသေး၏။ ခုက။

(photos from respective Facebook page)



0
0
0.000
5 comments