ရီးရဲ သီးသန့်လား ဟင်
UCL King ကြီးကို အိမ်ကွင်းမှာ 3 ဂိုးပြတ် သွင်းယူနိုင်ခဲ့သည့် Arsenal အသင်း ယခုတပတ် EPL Round 32 မှာ Brentford အသင်းကို 1-1 ဖြင့် သရေသာ ကစားနိုင်ခဲ့၏။ Real Madrid အသင်း၏ အိမ်ကွင်းမှာ Champion League Quarter Final ဒုတိယအကျော့ ပွဲစဉ် သွားရောက် ကစားရမှာမို့ Brentford အသင်းနဲ့ပွဲမှာ သိပ်ပြီး အားမထုတ်ခဲ့တာလေလားတော့ မပြောတတ်ပေ။ EPL ချန်ပီယံ အိပ်မက်ကလည်း ပျက်ပြယ် သွားခဲ့ရပြီမို့ Champion League ကိုပဲ သူတို့ အာရုံစိုက်ထားသည် ထင်ပါ၏။
အိမ်ကွင်းမှာ 3-0 ဖြင့် အနိုင်ရထားသည် ဆိုပေမယ့် ဒုတိယ အကျော့ Real Madrid ၏ အိမ်ကွင်းမှာ ကစားရမှာမို့ လွယ်ကူနေမှာတော့ မဟုတ်ပေ။ အစောပိုင်း မိနစ်တွေမှာ ထိန်းကစားထားနိုင်မယ်ဆိုရင်တော့ Arsenal တို့ အတွက် နောက်တဆင့် တက်ရေးက ခက်ခဲမည် မဟုတ်ပေ။ Real Madrid အနေဖြင့်လည်း ရေကုန် ရေခန်း ကစားရမည့် ပွဲစဉ် ဖြစ်၏။
Haaland မရှိရင် ပုံမှန်ထက် ဂိုးရဖို့ ခက်ခဲတတ်သည် ဆိုသည့် စကားကို ဒီတပတ်မှာ Man City တို့ ချေဖျက် ပြခဲ့၏။ တကယ်တော့ Haaland ကန်နေရင်လည်း ဂိုးရဖို့ ခက်တဲ့ ပွဲတွေ ရှိတာပါပဲလေ။ မနေ့က အိမ်ကွင်းမှာ Crystal Palace နဲ့ ကစား၏။ မိနစ် 20 အတွင်း Palace က ဦးဆောင်ဂိုး 2 ဂိုး အရင် သွင်းယူနိုင်ခဲ့၏။ City တို့ သွားပြီပေါ့။ ဒါပေမယ့် De Bruyne ရဲ့ ဦးဆောင်မှု နှင့်အတူ City တို့ come back ပြနိုင်ခဲ့၏။ နောက်ကနေ ပြန်လိုက် ကစားပြီး 5-2 ဖြင့် အနိုင်ရသွားခဲ့၏။ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့်တခု နေရာတခုကို ဆက်လက် ထိန်းထား နိုင်ခဲ့၏။
ဒီတပတ်မှာတော့ Goat ကြီး Ronald က အားလုံး အံ့ဩသွားအောင် ထပ်မံ လုပ်ပြခဲ့ပြန်၏။ Al Riyahd ၏ 0-1 ဂိုးဖြင့် ဦးဆောင်ထားမှုကို ချေပဂိုး အနိုင်ဂိုးတွေ ပြန်လည် သွင်းယူပြီး Al Nassr အသင်း အတွက် အဖိုးတန် 3 မှတ် ရယူပေးသွားခဲ့၏။ Saudi Arabia Pro League မှာ Al Nassr အသင်း အနေဖြင့် ချန်ပီယံ ဖြစ်ဖို့ မရှိတော့ပေမယ့် လက်ကျန် ပွဲစဉ်တွေကို သူတို့ အသေအချာ အာရုံစိုက်ပြီး ကစားနေကြ၏။
လာမယ့်နှစ်မှာ De Bruyne လည်း ရောက်လာမယ်၊ Ronald လည်း ဆက်ကစားနိုင်နေဦးမယ် ဆိုရင်တော့ Al Nassr အသင်း အနေဖြင့် ချန်ပီယံဆုကို မှန်းလို့ရမယ် ထင်ပါရဲ့။ ခု အတိုင်းသာဆိုရင် လာမယ့်နှစ်လည်း Ronald ဆက်ကစားနိုင်ဦးမယ်လို့ ထင်မိပါ၏။ မထင်မှတ်တာတွေ လုပ်ပြနေဦးမယ့်သူ မလား။
(photos from Arsenal & UEFA Facebook pages)
!MEME. !LOLZ
lolztoken.com
That's right be on the lookout for a small medium at large.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
!hiqvote