Who will be Champion

အာရှဖလားကော အာဖရိကဖလားကော ဆီမီးဖိုင်နယ် အဆင့်များ ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ အာရှဖလားမှာ ဂျော်ဒန်က ကိုရီးယားကို (၂-၀) နှင့် ကာတာက အီရန်ကို (၃-၂) ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ကြပြီ ဖြစ်၏။ လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ဂျော်ဒန်နှင့် ကာတာတို့၏ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်၏။

အာဖရိကဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာတော့ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကတို့ မိနစ် ၉၀ အတွင်းမှာ တဖက် တဂိုးစီ သရေကျနေသဖြင့် အချိန်ပို ဆက်ကစား၏။ အချိန်ပိုမှာလည်း ဂိုး ထပ်မသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ယူရ၏။ ပင်နယ်တီမှာ နိုင်ဂျီးရီးယားက (၄-၂) ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ အခြား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ အိုင်ဗရီကိုစ့်က ကွန်ဂိုကို (၁-၀) ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်သွားပြီ ဖြစ်၏။

ရယ်ရတာက အိုင်ဗရီကိုစ့်တို့ အုပ်စုက ထွက်ရပြီ ထင်ပြီး နည်းပြကို ထုတ်လိုက်ပြီးခါမှ ဗိုလ်လုပွဲအထိပါ ရောက်လာခဲ့ပြီ ဖြစ်၏။ လက်ထောက် နည်းပြက ယာယီ နည်းပြ အဖြစ် အသင်းကို ဆက်လက် ဦးဆောင်ပေးနေခြင်း ဖြစ်၏။ ဗိုလ်စွဲသွားရင် ပိုပြီး ရယ်ရပေလိမ့်ဦးမည်။ နည်းပြ ခမြာ ကံဆိုး‌။

အာဖရိကဖလားကတော့ အာရှဖလားလို မဟုတ် တတိယလုပွဲတွေ ဘာတွေ ရှိ၏။ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲမှာ တတိယ လုပွဲနှင့် တနင်္လာနေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲမှာ ဗိုလ်လုပွဲ ပွဲစဉ်တို့ကို ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။

တခြား တဖက်မှာတော့ ဒီနေ့ မနက် အစောမှာ FA ဖလား ပြန်ကန်ရသည့် ပွဲစဉ်ထဲက အချို့ ကစားသွားခဲ့ပါတယ်။ ချယ်လ်ဆီးတို့ အဝေးကွင်းမှာ အက်စတုန်ဗီလာကို (၁-၃) ဂိုးဖြင့် အနိုင်ရပြီး နောက်တဆင့် တက်သွားခဲ့ပါပြီ။ အိမ်ကွင်းမှာ ကစားစဉ်က ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့တာကြောင့် အက်စတုန်ဗီလာ ကွင်းမှာ ထပ်သွား ပြန်ကစားရပါတယ်။ အကွင်း ရောက်မှပဲ ဂိုးပြတ်တွေ သွင်းပြီး ပြန်လာနိုင်ခဲ့ပါတယ်။ EPL မှာ နှစ်ပွဲဆက် ရှုံးပွဲတွေ့ရမှုကို FA ဖလား Round 4 မှာတော့ နိုင်ပွဲနှင့် အဆုံးသတ်လိုက်နိုင်ခဲ့ပါပြီ။ ရှုံးလိုက် နိုင်လိုက်နဲ့ ချယ်လ်ဆီးဖန်တွေလည်း ကိုယ်တွေ ယူနိုက်တက်လိုပင်။ နို့ပေမယ့် ယူနိုက်တက်က ၂၀၂၄ အတွင်းမှာ ခုထိ ရှုံးပွဲ မတွေ့သေးပေ။



0
0
0.000
4 comments