Which Teams ?
မပြော မဖြစ်၊ မရေး မနေ ဘောလုံး အကြောင်း ဆက်ကြပါဦးစို့။ မကြည့် မဖြစ်လို့တော့ မသုံးတော့ပေ။ မကြည့်လည်း နေနိုင်နေသည်ကိုး။ Round of 16 ရှုံးထွက်အဆင့် ပွဲစဉ်များမို့ ကြည့်ကောင်းမှာ ပြောနေစရာ မလိုပေ။ သို့ပေမယ့် အချိန် ဖြစ်၏။ 12 နာရီ 15 မိနစ် ပွဲချိန်က သိပ် ကိစ္စ မရှိပေမယ့် 2 နာရီခွဲ ပွဲစဉ်တွေကြ ဘယ်လောက်ပင် ပွဲကောင်းကောင်း စောင့်ကြည့် ထကြည့် ဖို့က မလွယ်လှပေ။ ပြီး ကိုယ့်အသင်း United က Europa League မှာကိုး။ ထားတော့ နောက်ပိုင်း ကွာတားတို့ ဆီမီးတို့ ဖိုင်နယ်ပွဲတွေတော့ အလျဉ်းသင့် ကြုံကြိုက်ခဲ့ရင် ကြည့်ပါဦးမည်။
ဒီနေ့ မနက်မှာ Champion League Round of 16 ဒုတိယကျော့ ပွဲစဉ်များ ကစား၏။ 4 ပွဲပေါ့။ နောက်ရက်မှာ နောက်ထပ် 4 ပွဲ။ ပထမကျော့ ကစားပြီး ကတည်းက ကျနော် ထင်မှတ်ထားသည့်အတိုင်းပဲ ဒုတိယကျော့ အပြီးမှာ အဖြေတွေ ပေါ်ခဲ့၏။ ကျနော့် မှန်းဆချက်က 4 ပွဲလုံးတော့ မမှန်ခဲ့ပေ။ 1 ပွဲမှာ လွဲသွား၏။ Liverpool vs PSG ဖြစ်၏။
ပထမကျော့ PSG အိမ်ကွင်းမှာ 0-1 ဖြင့် Liverpool က အနိုင်ရခဲ့၏။ ဒုတိယကျော့က Liverpool အိမ်ကွင်း၊ ပြီး လက်ရှိ Liverpool ၏ ခြေစွမ်းကြောင့် နောက်တဆင့်ကို Liverpool ပဲ တက်လိမ့်မယ်ပေါ့။ တကယ်တမ်းမှာတော့ ထိုသို့ မဟုတ်ခဲ့ပေ။ ပထမပိုင်း 12 မိနစ်မှာ ကတည်းက သွင်းယူထားသည့် PSG ၏ ဂိုးကို Liverpool တို့ ပြန်လည် မချေပနိုင်ဘဲ သာမန် ပွဲချိန် မိနစ် 90 ပြည့်သွားခဲ့၏။ အချိန်ပို 15 မိနစ် နှစ်ပိုင်းမှာလည်း ဘယ်အသင်းကမှ ဂိုးထပ် မသွင်း သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရမှာ PSG က 1-4 ဖြင့် အနိုင်ရသွားခဲ့၏။ Liverpool အတွက်တော့ တကယ်ကို နှမြောစရာပင်။
Leverkusen vs Bayern Munchen ပွဲစဉ်ကတော့ သိပ် အများကြီး ပြောနေစရာ မရှိတော့ပေ။ ပထမကျော့မှာ Bayern Munchen က 3-0 ဖြင့် အနိုင်ရထားတော့ Leverkusen အတွက် မျှော်လင့်ချက်က မရှိသလောက်ပင်။ ဒုတိယကျော့ အိမ်ကွင်းမှာ ပြန်လာနိုင်မလား မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ 0-2 ဖြင့် ထပ်မံ ရှုံးနိမ့် သွားခဲ့ရ၏။ နှစ်ကျော့ပေါင်း 0-5 ဖြင့် Bayern Munchen တို့ နောက်တဆင့် တက်ပြီး Leverkusen ကတော့ နှုတ်ဆက်ထွက်ခွာခဲ့ရ၏။
Barcelona ကတော့ Benfica နဲ့ ပထမကျော့ Benfica အိမ်ကွင်းမှာ 1-1 သရေကျခဲ့ပေမယ့် ဒုတိယကျော့ Barcelona ၏ အိမ်ကွင်းမှာ ကစားချိန်မှာတော့ 3-1 ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း 4-1 ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်သွားခဲ့၏။ Inter Milan တို့ကလည်း အိမ်ကွင်းမှာ Feyenoord ကို 2-1 ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် 4-1 ဖြင့် နောက်တဆင့် တက်သွားခဲ့၏။
နောက်တဆင့်ကို Barcelona, Inter Milan, Bayern Munchen, Liverpool ဆိုပြီး မှန်းထားပေမယ့် Liverpool ကတော့ မပါလာတော့ပေ။ နက်ဖြန်မှာတော့ နောက်ထပ် ပွဲစဉ် 4 ပွဲ ကစားကြပေလိမ့်မည်။ ဘယ်အသင်းတွေ နောက်တဆင့် တက်ပြီး ဘယ်အသင်းတွေ နှုတ်ဆက်ထွက်ခွာရမလဲ ကတော့ စိတ်ဝင်စားစရာပင်။
(photos from UEFA Champions League page)
!LOLZ. !MEME
lolztoken.com
What does alcohol do?
Credit: reddit
@donjaun, I sent you an $LOLZ on behalf of chanmin
(2/6)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: epic-fail
Earn Crypto for your Memes @ HiveMe.me!
!LOLZ
!MEME
lolztoken.com
Periodically.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin
(5/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: amigoponc
Earn Crypto for your Memes @ HiveMe.me!