What a great Performance

avatar
(Edited)

Leverkusen ကတော့ Leverkusen ပါပဲလို့ ပြောရပါလိမ့်မယ်။ ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယကျော့ ပွဲစဉ်မှာ Roma ၏ ဦးဆောင်ဂိုး ၂ ဂိုးဖြင့် ဦးဆောင်ထားမှုကို ထုံးစံအတိုင်း နောက်ဆုံးမိနစ်တွေမှာမှ ချေပဂိုးတွေ ပြန်လည် သွင်းယူပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းထားနိုင်ခဲ့၏။ ဒီရာသီ Leverkusen ကတော့ အံ့ဩစရာတွေကို ဆက်တိုက်ကို လုပ်ပြနေခဲ့၏။ ကြာတော့လည်း အံ့ဩစရာဟု ပြောလို့ မရနေပေ။ နောက်ဆုံးမိနစ်တွေမှာ ဂိုးသွင်းပြီး come back ပြနေတာက သူတို့၏ trademark လို ဖြစ်နေခဲ့ပြီ။

ခု Leverkusen ကို မြင်ရတာ တခေတ်တခါက Man United ကို ပြန်သတိရစေ၏။ Leverkusen ၏ စွမ်းဆောင်ရည်တွေ ကစားဟန်တွေ ကြိုးစားအားထုတ်ပုံတွေ မြင်ရတော့ ယခင် Man United နှင့် ယခု Man United ကို ချိန်ထိုးကြည့်ရင်း အတော်လေး စိတ်လက် မသာမယာ ဖြစ်ရ၏။ Leverkusen ၏ ကစားပုံက တည်ငြိမ်လွန်းလှ၏။ ဘယ်နှယ်ဂိုးနဲ့ ရှုံးနေနေ ပြာယာခတ်နေတာမျိုး မရှိပေ။ အချိန်တန်ရင် ငါတို့ ဂိုးသွင်းမယ်။ ပွဲသိမ်းခရာ မမှုတ်မချင်း ရလဒ်ကို ငါတို့ ပြောင်းလဲ နိုင်တယ် ဆိုတဲ့ စိတ်မျိုးတွေနဲ့ သူတို့ ကစားနေကြ၏။

Roma ၏ ဦးဆောင်ဂိုး ၂ ဂိုးကို သူတို့ နောက်ကနေ လိုက်လံ ချေပပြီး သရေရလဒ် အရယူကာ နှစ်ကျော့ပေါင်း (၄-၂) ဂိုးဖြင့် အနိုင်ရယူပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပြီ ဖြစ်၏။ ဗိုလ်လုပွဲမှာ အီတလီ ကလပ်အသင်း တသင်း ဖြစ်သည့် Atalanta နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

ယူရိုပါ ကွန့်ဖရန့်လိဂ်မှာတော့ ဥရောပ လိဂ်ဖလား ပြိုင်ပွဲတွေထဲ တသင်းထဲကျန်သည့် Aston Villa လည်း ဆက်လက် တင်ကျန်ခြင်းငှာ မစွမ်းသာဘဲ နှုတ်ဆက် ထွက်ခွာ သွားရပြီ ဖြစ်၏။ ပထမကျော့ အိမ်ကွင်းမှာ ကတည်းက ဂိုးပြတ် ရှုံးနိမ့်ထားမှုကို ဒု‌တိယအကျော့ အဝေးကွင်းလည်း ပြန်လည် ဖာထေးနိုင်ခြင်း မရှိတော့ပေ။ Olympiacos ကို နှစ်ကျော့ပေါင်း (၆-၂) ဂိုးဖြင့် အရှုံးပေးပြီး ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာ သွားရပြီ ဖြစ်၏။

ယူရိုပါ ကွန့်ဖရန့်လိဂ် ဖိုင်နယ်မှာတော့ Fiorentina vs Olympiacos တို့ ယှဉ်ပြိုင်ကြရမည် ဖြစ်၏။ ဒီနှစ်ရဲ့ ဥရောပဖလားပြိုင်ပွဲ ၃ ခုလုံးမှာ အင်္ဂလန် ကလပ်အသင်း တသင်းမှ မရှိတော့ပေ။ ဒီနှစ်က အင်္ဂလန်ကလပ် အသင်းတွေ၏ နှစ် မဟုတ်ပေ။

(photos from Leverkusen Facebook page)



0
0
0.000
4 comments