Unlucky
ဒီတပတ်က Manchester မြို့ခံ အသင်းတွေ မျက်နှာပန်း မလှသည့် တပတ်တာဟု ပြောလို့ရ၏။ Man City က ကိုယ့်အိမ်ကွင်းမှာ Tottenham ကို 0-4 ဖြင့် ရှုံးနိမ့်ခဲ့၏။ Man United က Ipswich Town နှင့် အဝေးကွင်းမှာ 1-1 သရေကျခဲ့၏။ Man United women အသင်းက Chelsea women အသင်းကို 1-0 ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။
နည်းပြသစ် Amorim ရဲ့ ပထမဆုံးပွဲက သိပ်တော့ မျက်နှာပန်း မလှချင်စရာ ဖြစ်သွားခဲ့၏။ ဦးဆောင်ဂိုးကို United တို့ ပွဲအစပိုင်း မိနစ်မှာတင် သွင်းယူနိုင်ခဲ့၏။ ဂိုးတွေ ထပ်သွင်းလောက်မည် ထင်ခဲ့ပေမယ့် မျှော်လင့်ထားသလိုတော့ ဖြစ်မလာခဲ့ပေ။ ပထမပိုင်း ပြီးခါနီးမှာ Ipswich Town က ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့၏။ ဒုတိယပိုင်းမှာတော့ ဘယ်သူ့ ဘယ်သူကမှ ဂိုးထပ် မသွင်းနိုင်ဘဲ တဖက် တဂိုးစီနဲ့သာ ပွဲပြီးသွားခဲ့၏။
ပထမဆုံး ပွဲဆိုတော့ ဝေဖန်ဖို့က စောနေဦးမည်ထင်။ လိုအပ်ချက်တွေကတော့ အများကြီး တွေ့ခဲ့ရ၏။ ယာယီ နည်းပြ Ruud ကိုင်ခဲ့သည့် 4 ပွဲတုန်းကနဲ့ ဘာမှ မဆိုင် သည့် United ကို တွေ့ခဲ့ရ၏။ United ထက်စာရင် Ipswich Town ကတောင် အခွင့်အရေးတွေ ပိုရခဲ့၏။ United ဂိုးသမား Onana လက်စွမ်းပြ ကာကွယ် သွားလို့သာ အရှုံးနဲ့ ရင်မဆိုင်ခဲ့ရတာဟု ပြောလို့ရ၏။
နောက်ပွဲစဉ်တွေမှာ ဘယ်လို ကစားကွက်၊ ကစားဟန်တွေ ပုံဖော်ပြမလဲကတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။ မနေ့က ပွဲစဉ် အပြီးမှာ နည်းပြ Amorim ကိုယ်တိုင် ဦးဆောင်ပြီး အဝေးကွင်းမှာ လာရောက် အားပေးခဲ့တဲ့ ပရိတ်သတ်တွေကို နှုတ်ဆက် ခဲ့ပါတယ်။ ဒီအချက်လေးက သဘောကျစရာပါ။ အသေးအဖွဲလေးပဲ ဆိုပေမယ့် ပွဲတိုင်း အဲ့လိုလေး လုပ်ပေးရင် ကောင်းပါလိမ့်မည်။
မနေ့က Southampton နဲ့ အဝေးကွင်း ပွဲစဉ်မှာ Liverpool တို့ 2-3 ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ဒုတိယနေရာက Man City ကို 8 မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါပြီ။ ပြိုင်ဘက်အသင်းတွေရဲ့ ခြေချော်မှုကို Liverpool တို့ ကောင်းကောင်း အသုံးချထားနိုင်ခဲ့ပါတယ်။ Chelsea women အသင်းကတော့ United women အသင်းကို အနိုင်ယူပြီး 8 ပွဲကစား၊ 8 ပွဲနိုင်၊ 24 မှတ်၊ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားပါတယ်။
ဒီတပတ်မှာ နိုင်ပွဲ မရနိုင်ခဲ့တဲ့ United တို့ နောက်တပတ်မှာ နိုင်ပွဲ ရယူနိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပါလိမ့်မယ်။