They Did

ညီလေးတွေကြောင့် မပျော်ရပေမယ့် ညီမလေးတွေကြောင့်တော့ စိတ်သက်သာရာ ရခဲ့ပါတယ်။ မနေ့က WSL ပွဲစဉ်မှာ Man United women အသင်းက Liverpool women အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ Liverpool women အသင်းက Liverpool men အသင်းနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။ men အသင်းက EPL မှာ အဆင့် 1 women အသင်းက WSL မှာ အဆင့် 7 ဖြစ်ပါတယ်။ United လည်း ဘာထူးလဲ women အသင်းက WSL မှာ အဆင့် 4 men အသင်းက EPL မှာ အဆင့် 13 နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့သော ရာသီတွေတုန်းက Chelsea အသင်းလည်း ပြောင်းပြန် ဖြစ်ခဲ့ပါသေးတယ်။ WSL မှာ Chelsea women အသင်းက ဗိုလ်စွဲပြီး နှစ်တိုင်း ကြီးစိုးလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ men အသင်းကလည်း အံအားသင့်စရာတွေ လုပ်ပြနေခဲ့ပါပြီ။ EPL မှာ အဆင့် 2 နေရာထိ ရယူထားပါတယ်။ Liverpool ထက် တပွဲပိုကစားထားပြီး 4 မှတ်အကွာနဲ့ နောက်ကနေ ဖိအားပေးနေပါတယ်။ အမှန်တော့ အဆင့် 2 နေရာက Arsenal အတွက် ဖြစ်ရမှာပါ။ ဒါပေမယ့် ဒီတပတ် အဝေးကွင်း ပွဲစဉ်မှာ Fulham နဲ့ 1-1 ဂိုး သရေကျသွားလို့ 1 မှတ်သာရပြီး Chelsea ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာပါ။

Chelsea က Tottenham အသင်းကို အဝေးကွင်းမှာ 3-4 ဂိုးနဲ့ အနိုင်ရသွားခဲ့တာပဲ ဖြစ်ပါတယ်။ Man City ကို ဒုက္ခ ပေးနိုင်ခဲ့တဲ့ Tottenham တို့ Chelsea ကိုတော့ မရပ်တန့် နိုင်ခဲ့ပါဘူး။ Chelsea နည်းပြ Enzo Maresca ကတော့ Liverpool Arsenal Man City တို့ ခြေချော်ဖို့က ဖြစ်ခဲတယ်။ တနည်းအားဖြင့် သူတို့ ချန်ပီယံ ဖြစ်နိုင်ဖို့ မလွယ်သေးကြောင်း နိမ့်ချ ပြောဆိုထားပါတယ်။ တပွဲထက် တပွဲ ပိုမို ကောင်းမွန်လာအောင်ပဲ ဦးတည်ထားပါတယ်လို့ သူက တပါတည်း ပြောထားပါသေးတယ်။

သူများတွေ အသင်းကို ကြည့်ပြီး ကိုယ့်အသင်းကို ကိုယ် အားမရ ဖြစ်မိ၏။ သူများတွေက နည်းပြ ပြောင်းပြီး ဟုတ်လာ ပေမယ့် ကိုယ်တွေမှာက အတော်ဆိုးဆိုးနဲ့ ရုန်းကန်နေရရော။ Man United မှာ လက်ထောက် နည်းပြ၊ ယာယီ နည်းပြ အဖြစ် လုပ်ခဲ့တဲ့ Ruud တောင် Leicester City နည်းပြ အဖြစ်နဲ့ ကောင်းကောင်း အစွမ်းပြပေးနေပါတယ်။ သူ ကိုင်တွယ်ထားတဲ့ 2 ပွဲမှာ 1 ပွဲနိုင်၊ 1 ပွဲ သရေနဲ့ ရလဒ်ကောင်း နေခဲ့ပါတယ်။

Ruud ရေ Keep moving ပါ။

(photo from Manchester United women Facebook page)



0
0
0.000
0 comments