Thank a lot Ruud
Ruud ရဲ့ ယာယီ နည်းပြ အဖြစ် နောက်ဆုံး ကိုင်တွယ်ရသည့် ပွဲစဉ်က အနိုင်နဲ့ ပြီးဆုံးသွားခဲ့၏။ Ten Hag ထွက်ခွာသွားပြီးနောက် နည်းပြသစ် Amorim မရောက်လာခင်လေးမှာ ယာယီ နည်းပြ အဖြစ် သူ 4 ပွဲ ကိုင်တွယ်ခဲ့ပါတယ်။ 4 ပွဲမှာ 3 ပွဲနိုင်၊ 1 ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တကယ်ကို ကျေနပ်စရာ ရလဒ်ပါ။ Chelsea နဲ့ 1-1 သရေကျတဲ့ပွဲက လွဲလို့ ကျန်ပွဲတွေက ဂိုးပြတ် သွင်းယူနိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ Leicester နဲ့ စလို့ Leicester နဲ့ပဲ ဆုံးသွားခဲ့ပါပြီ။
Ruud လက်ထက်မှာ တချိန်က United ကို ပြန်ပြီး မြင်ခွင့်ရခဲ့ပါတယ်။ Ten Hag အလွန် အသင်းက ချက်ချင်းကြီး ပြောင်းလဲ သွားခဲ့ပါတယ်။ လုံးဝကို အသင်းသစ် တသင်းလားလို့ပင် ထင်မှတ် စရာပါ။ Ruud တယောက် ဘာတွေ ဘယ်လို ပြောင်းလဲ ပြလိုက်သလဲကတော့ မသိပေ။ သို့ပေမယ့် အသင်း၏ ပုံစံက လုံးဝကို ပြောင်းသွားခဲ့၏။ ဒီလိုတွေ စွမ်းဆောင်ပြထားတော့ Ruud အသင်းကနေ ထွက်သွားမှာကိုတောင် မဖြစ်စေချင်ပေ။ ဆက်နေပြီး ကူညီပါ Ruud ရေ။
ဒီနေ့ 11.11 မှာတော့ နည်းပြသစ် Amorim Manchester သို့ ရောက်လာမည် ဖြစ်၏။ သူကတော့ Ruud နဲ့ စကားပြောကြည့်ပြီး အားလုံးကို အသိပေးသွားပါမယ်ဟု ပြောထား၏။ နှစ်ယောက်သား ပြောဆိုမှုကနေ အသင်းအတွက် အကောင်းဆုံး အဖြေ ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ မပျော်ရတာ ကြာနေပြီမို့ ကျနော်တို့ ပျော်ချင်ပါ၏။
Ruud လက်ထက်မှာ Ten Hag ပေးခဲ့သည့် စိတ်သောက၊ အမောတွေ ဖြေဖျောက်ပေးနိုင်ခဲ့၏။ ကိုယ့် တကိုယ်ရည်စာ အလိုအရတော့ Ruud ကို United ၏ အမြဲတမ်း နည်းပြ အဖြစ် မြင်ချင်မိပါ၏။ နို့ပေမယ့် ဘုတ်အဖွဲ့က Ten Hag ကို ထုတ်ပယ်ဖို့ လုပ်ကတည်း နည်းပြသစ် အဖြစ် Amorim ကို ရည်ရွယ်ထားပြီးကြသည် ထင်၏။
ရာသီအစ Ruud ကို လက်ထောက် နည်းပြ အဖြစ် ခေါ်ယူခဲ့တုန်းက Ten Hag သာ ထွက်ခွာခဲ့ပါက Ruud ကို နည်းပြ အဖြစ် ခန့်ဖို့ တပါတည်း ဆွဲထားသည်ဟု ထင်မိခဲ့၏။ သို့ပေမယ့် တကယ်တမ်းမှာတော့ ထိုသို့ မဟုတ်ခဲ့ပေ။
မည်သို့ပင် ဆိုစေ နှစ်ယောက်သား ဆွေးနွေးမှုကနေ ကျနော်တို့ မျှော်လင့်ထားသည့် အဖြေ ထွက်ပေါ်လာပါစေလို့။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻