Summer Olympic Football Matches
Summer Olympic ဘောလုံးပွဲစဉ်တွေ ဒီနေ့ စတင် ကစားမည် ဖြစ်၏။ 16 သင်းကို အုပ်စု 4 ခု၊ 4 သင်းစီ ခွဲဝေချထား၏။ အုပ်စု 1 ခုကနေ 2 သင်းစီ နောက်တဆင့် တက်မည် ဖြစ်၏။ ရှုံးထွက်အဆင့် အဖြစ် ကွာတားဖိုင်နယ် ကနေ စတင်ပြီး ကစားကြမည် ဖြစ်၏။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် ပြီးရင်တော့ ဖိုင်နယ်ပေါ့။ တတိယလု ပွဲစဉ်လည်း ပါဝင်၏။ အမျိုးသား ဘောလုံး ပြိုင်ပွဲ အပြင် အမျိုးသမီး ဘောလုံး ပြိုင်ပွဲလည်း ကျင်းပ ကစားမည် ဖြစ်၏။
ဒီနေ့မှာတော့ အုပ်စုအားလုံးမှ အသင်းတွေ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Group A နှင့် D ကတော့ တပွဲစီသာ ကစားကြမည် ဖြစ်ပြီး အုပ်စု B နှင့် C က အသင်းတွေ အားလုံးကတော့ ဒီနေ့ ကစားကြမည် ဖြစ်၏။ Olympic ပွဲစဉ်မလို့ ပရိတ်သတ် အာရုံစိုက် အားပေးမှု နည်းကောင်း နည်းနိုင်၏။ သို့ပေမယ့် လူငယ် ကစားသမားတွေ အတွက်တော့ ဒီပြိုင်ပွဲကလည်း အရေးပါသည်ဟု ဆိုလို့ရ၏။ မိမိရဲ့ အဆင့်ကို နောက်တဆင့်သို့ မြှင့်တင်နိုင်သည့် အခွင့်အရေးမျိုး ရှိနေခဲ့သည် မဟုတ်လား။
လူငယ်တွေ မလို့ လူကြီးအသင်းတွေနဲ့ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်တွေ မြင်ရဖို့ ရှိ၏။ တခါတလေ သက်တမ်းအလိုက် ပွဲစဉ်တွေက လက်ရွေးစဉ်အဆင့် ပွဲစဉ်တွေထက် ပိုပြီး ကြည့်ကောင်းနေတာမျိုးလည်း ရှိတတ်၏။ ပွဲချိန်တွေကတော့ မြန်မာစံတော်ချိန် ည 7 နာရီခွဲ၊ 9 နာရီခွဲ နှင့် 11 နာရီခွဲတွေမှာ ကစားသွားကြမည် ဖြစ်၏။ တချို့ပွဲတွေကတော့ အချိန် တိုက်နေခဲ့၏။ ပွဲအားလုံး မဟုတ်တောင် အားလပ်ချိန်နဲ့ တိုက်ရင်တော့ တချို့ ပွဲလေးတွေကို ကြည့် ဖြစ်မယ် ထင်ပါ၏။
ဘောလုံးပွဲတွေကတော့ ရှိနေပါ၏။ နို့ပေမယ့် ကျနော့် အကြိုက် ပွဲစဉ်တွေ မရှိ၊ မပါဝင်နေပေ။ ပွဲတွေ မရှိနေတော့ ဘောလုံးပွဲ အကြောင်းကလည်း ရေးစရာ မရှိနေပေ။ သို့နှင့် တခြားအကြောင်းရေးပေါ့။ တခြားအကြောင်းကလည်း ထူးထွေ ရေးစရာ မရှိနေပေ။ ဒီအတိုင်း Daily lifestyle အကြောင်း ဘာညာလေး ရေးပေါ့။ အလုပ်တွေ ဘာတွေ ရှိနေရင်တော့ အလုပ်အကြောင်း ဘာညာ ရေးလို့ရသပေါ့။ ခုက စာလည်း ပြန် မသင်ဖြစ်၊ တခြား အလုပ်လည်း မလုပ်ဖြစ်နေသေးတော့ ရှိတာပဲ တွေးမိတာကိုပဲ ရှာကြံရေးပေါ့လေ။
ရေးချင်ရင်တော့ အများကြီး ရေးစရာ ရေးလို့ရပေမယ့် မရေးချင် (ရေစချင်စိတ် မရှိ) ရင်တော့ ရေးစရာက အတော်လေး ရှားပေလိမ့်မည်။ တနေ့ တပိုစ့်က လွယ်လည်းလွယ်၊ ခက်တော့လည်း ခက်၏။ စာရေးပျင်းသည့် ရက်တွေဆိုရင်တော့ ပိုစ့်တခု ရဖို့ အတော်လေး ခက်လှ၏။ ရေးနေရင်းက Facebook သွားကြည့်လိုက်၊ YouTube သွားကြည့်လိုက်က လုပ်တော့ ပိုစ့် တခုပြီးဖို့ အချိန်လည်း ပိုကြာသွား၏။ အကြောင်းအရာလည်း ရှိ၊ ရေးချင်စိတ်လည်း ရှိနေသည့် အခါမျိုးမှာတော့ ပိုစ့် တခုက ခဏလေးနဲ့တင် ပြီးသွားလေ့ ရှိ၏။
အမေ့မှာ တရက်တရက် ဘာဟင်းချက်ရမလဲ တွေးရင်း ခေါင်းခြောက်သလို ကျနော့်မှာလည်း ဘာရေးရမလဲ ဆိုပြီး ခေါင်းခြောက်ရသည့် နေ့ရက်တွေလည်း ရှိလေ၏။
(photos from Argentina Football Team & Summer Olympic 2024 Paris Facebook pages)
အိုလံပစ် အခုကြည့်နေမိ။
UZB & Sp
ကလေးတွေ ရှယ်သွက်။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !HUG from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
@hiq.smartbot, sorry!
You are out of hugs for today.
You can call the HUG bot a maximum of 2 per day.
The current call limits are: