Round 27
February 25, 26, 27 ရက်တွေမှာ EPL Round 27 ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ကြားရက် ပွဲစဉ်များမို့ မနက်ခင်း အစောပိုင်းမှာ ကစားသွားမည် ဖြစ်၏။ မြန်မာစံတော်ချိန် မနက် 2 နာရီ၊ 2 နာရီခွဲ ချိန်များတွင် ကစားသွားမည် ဖြစ်၏။ United ကတော့ အိမ်ကွင်းမှာ Ipswich အသင်း နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Ipswich တော့ နိုင်လောက်ပါရဲ့။ ပြောလို့တော့ မရသေး။ Ipswich ကလည်း အနေအထား တခုတော့ ရှိသည် မဟုတ်လား။
အသင်း၏ ခြေစွမ်းက ဆိုးရွားနေပါတယ်ဆိုမှ အသင်း၏ အုပ်ချုပ်သူတွေကလည်း ဘာတွေ လုပ်လို့ လုပ်နေကြမှန်း မသိပေ။ သတင်းတွေအရ ဝန်ထမ်းတွေလျော့ချမယ်တွေ ကောပေါ့။ အဆိုးဆုံးက အစားအသောက်ပိုင်း လျော့ချမှု ဖြစ်လေ၏။ ဂလေဇာ မိသားစုလက်ထဲကနေ အသင်းကို အလုံးစုံ ဝယ်ယူနိုင်မှပဲ အဆင်ပြေပေလိမ့်မည်။
ဝယ်ချင်သူ ရှိပေမယ့်လည်း ရောင်းမပေးတာက ခက်နေတာ။ အကြွေးတွေပါ ဆပ်ပေးမယ် ပြောနေတဲ့ဟာကို။ ဒီပိုင်ရှင် ဒီဘုတ်အဖွဲ့နဲ့ကတော့ ပရိတ်သတ်တွေ ပျော်ရဖို့ မမြင်ပေ။ ကစားသမားတွေကလည်း ကြိုးစားအားထုတ်မှု နည်းနဲ့။ အဆင့် 10 လောက်နဲ့ ရာသီသိမ်းဖို့တောင် မလွယ်တော့ပေ။ ဒီနှစ်တော့ ရှိစေတော့ပေါ့။
Ipswich ကလည်း ကစားဖို့ လွယ်မည် မဟုတ်ပေ။ တန်းဆင်းဇုန် က လွတ်ဖို့ ရုန်းပေလိမ့်မည်။ သူတို့မှာလည်း အခွင့်အရေး ကျန် ရှိနေသေး၏။ ရှုံး၊ သရေတွေ များနေပြီမို့ ဒီပွဲတော့ နိုင်တန်ကောင်းပါရဲ့။