Round 24 is Starting
EPL Round 24 ပွဲစဉ်များ ဒီတပတ်မှာ ကစားမည် ဖြစ်၏။ ဒီနေ့မှာ 6 ပွဲ (5 ပွဲက မြန်မာစံတော်ချိန် အရ ဒီည၊ 1 ပွဲက မနက် 12 နာရီ ဖြစ်၏။ ဆိုတော့ကာ ဒီည စာရင်းထဲပဲ ထည့်ပေါ့) ကစားသွားဖို့ ရှိ၏။ နက်ဖြန် Super Sunday မှာတော့ United ၏ ပွဲစဉ် ရှိ၏။ အိမ်ကွင်းမှာ Crystal Palace ကို ဧည့်ခံ ကစားရမည် ဖြစ်၏။ အမှတ်ပေး ဇယားမှာ United က 29 မှတ်နဲ့ အဆင့် 12, Crystal Palace က 27 မှတ်နဲ့ အဆင့် 13 ဖြစ်၏။ သူများ အသင်းတွေလို ဇယားထိပ်မှာ နေရာ မလု နေရဘဲ အလယ်အလတ်အဆင့်မှာ နေရာလုနေရတာကတော့ United အတွက် စိတ်မကောင်းချင် စရာပင်။ ဤသည်ကပင် အသင်း၏ လက်ရှိ အနေအထား အမှန်ပင် ဖြစ်၏။
United ကပဲ အနိုင်ယူပြီး အမှတ်ပေး ဇယားမှာ အဆင့် ထပ်တက်နိုင်မလား၊ ဒါမှမဟုတ် Crystal Palace ကပဲ အနိုင်ယူပြီး United ကို အောက်တဆင့် ပို့ပစ် မလားကတော့ စိတ်ဝင်စားစရာပင်။ ယူရိုပါလိဂ်မှာ ဟုတ်သလိုလို ရှိပေမယ့် EPL မှာတော့ တနေ့ ရွှေ တနေ့ ငွေ ကနေ၊ တနေ့ ပဲလှော် တနေ့ ဆားလှော် ဖြစ်ဖြစ်နေတတ်တော့ စိတ်က မချရဲပေ။ ယခင်လို နိုင်ပြီးသားပဲ ဆိုသည့် ယုံကြည်မှုမျိုးအစား နိုင်မှာပါလေ၊ နိုင့်ပါ့မလား ဆိုသည့် သံသယစိတ်လေးတွေက စိုးမိုးလို့ နေ၏။ ဤသည်ပင် United fan တွေ၏ လက်ရှိ ခံစားချက်ပင် ဖြစ်၏။
ဒီတပတ် Super Sunday မှာ Arsenal vs Manchester City တို့၏ Big match ပွဲစဉ်လည်း ရှိနေ၏။ နှစ်သင်းလုံးမှာ ချန်ပီယံ မျှော်လင့်ချက် ရှိနေလေသေးတော့ ယခုပွဲက ပွဲကောင်း တပွဲ ဖြစ်လာမှာ အသေအချာပင်။ Arsenal သာ အနိုင်ရသွားခဲ့ရင် City ၏ ချန်ပီယံ မျှော်လင့်ချက်က အနည်းငယ် ဝေဝါးသွားဖို့ ရှိ၏။ Arsenal ရှုံးသွားပြန်ရင်လည်း Liverpool ကို ဖိအားပေးနိုင်ဖို့ အတန်ငယ် ခက်ခဲသွား နိုင်၏။ သရေကျခဲ့ရင်တော့ Liverpool က ပိုကြိုက်မည်ထင်ပါ၏။
Round 24 ပဲ ရှိသေးသည်မို့ ဘယ်သူကတော့ ချန်ပီယံဟု ပြောဖို့ စောနေဦးမှာ အမှန်ပင်။ သို့ပေမယ့် ဘယ်အသင်းတွေပဲ ချန်ပီယံ ဖြစ်မှာ ဆိုတာမျိုးကိုတော့ ခန့်မှန်းလို့ ရနေပြီ ဖြစ်၏။ လက်ရှိ form အတိုင်းသာ ခရီးဆက်နိုင်မယ်ဆိုရင် ဒီနှစ် ချန်ပီယံက Liverpool ဟု သေချာပေါက် ပြောလို့ ရမည် ဖြစ်၏။ United ကတော့ နောက်နှစ်ပေါ့ဟု အားခဲရင်းသာ။