Quarter Finals

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာတော့ Copa America ကွာတားဖိုင်နယ် ပွဲစဉ် တပွဲဖြစ်သည့် Argentina vs Ecuador တို့ ပွဲ ယှဉ်ပြိုင် ကစားကြ၏။ သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ တဖက်ကို တဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ထပ်ကစားကြ၏။ အချိန်ပို ၁၅ မိနစ်စီ နှစ်ပိုင်း မကစားနေတော့ဘဲ ပင်နယ်တီ တန်းကစားခြင်း ဖြစ်၏။ Goat Messi ပင်နယ်တီ လွဲသွားပေမယ့် ဂိုးသမား Martinez က သူ့ပုံစံအတိုင်း Ecuador ကစားသမားတွေ၏ ပင်နယ်တီ နှစ်လုံးကို လက်စွမ်းပြ ကာကွယ်သွားပြီး Argentina အသင်းကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင် ပေးခဲ့၏။

ပင်နယ်တီ ဂိုးတွေနဲ့ ပတ်သက်လာရင် ဂိုးသမား Martinez က စိတ်ချရပြီးသား။ ပြီးခဲ့သော World Cup ကိုပဲ ကြည့်လေ။ သူ၏ လက်စွမ်းပြမှုတွေနဲ့ ဖိုင်နယ်မှာ ပြင်သစ်ကို အနိုင်ယူသွားခဲ့ပြီး Argentina တို့ ကမ္ဘာ့ ချန်ပီယံ ဖြစ်သွားခဲ့သည် မဟုတ်လား။ ခုလည်း အသင်းကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင် ထားခဲ့ပြီ ဖြစ်၏။ 2021 Copa America တုန်းက ချန်ပီယံ ဖြစ်ခဲ့သည့် Argentina တို့ ချန်ပီယံဘွဲ့ကို ကာကွယ်ပြီး နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်သွားမလားကတော့ ဆက်လက် စောင့်ကြည့်ရုံသာ။

ဆီမီးဖိုင်နယ် မှာတော့ Venezuela vs Canada ပွဲစဉ်က အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ လက်ရှိ Argentina အသင်းမှာ Martinez နာမည်နဲ့ 3 ယောက်ရှိ၏။ ဂိုးသမား၊ နောက်တန်းနှင့် တိုက်စစ်မှူးတို့ ဖြစ်၏။ နောက်တန်း Martinez က ဦးဆောင်ဂိုး သွင်းပြီး၊ ဂိုးသမား Martinez က ပင်နယ်တီမှာ လက်စွမ်းပြသွားခဲ့၏။

ဒီနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲနှင့် မနက် ၁ နာရီခွဲတွေ မှာတော့ Euro 2024 ၏ ကွာတားဖိုင်နယ် ပွဲစဉ်တွေ အဖြစ် Spain vs Germany နှင့် Portugal vs France တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ထို့နောက် မနက် ၇ နာရီခွဲမှာတော့ Copa America ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် Venezuela vs Canada တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ပွဲအားလုံး အားပေးဖို့ကတော့ မဖြစ်နိုင်ပေ။ Alarm ပေးပြီး အိပ်လိုက် ထကြည့်လိုက် လုပ်ရအောင်ကလည်း မဟုတ်သေးပြန်ပေ။ အတော်ဂွကျ၏။

ကွာတားဖိုင်နယ် ပွဲစဉ်တွေ ဖြစ်တာနဲ့အညီ ပွဲတွေ အားလုံးက ကြည့်ကောင်းမှာ အသေအချာပင်။ ဘယ်အသင်း ဆီမီးဖိုင်နယ် တက်မလဲ ကလည်း အတော်လေး ခန့်မှန်းရ ခက်၏။ Spain vs Germany ဆို သူတို့ နှစ်သင်းကို ဖိုင်နယ် မှာပဲ ဆုံစေချင်၏။ အသင်းကောင်း နှစ်သင်း ဖြစ်နေတော့ တသင်းသင်း ခပ်စောစော ထွက်သွားရမည်ကို မလိုလားပေ။ နှစ်သင်းလုံး ခြေစွမ်းကောင်းတွေ ပြသနေပေမယ့် Germany မှာက အိမ်ရှင်အားသာချက်တော့ ရှိနေ၏။ Germany ပဲ တက်သွားမယ် ထင်၏။

Portugal vs France ပွဲကတော့ နှစ်သင်းလုံးခုထို ပုံစံကောင်း မပြသနိုင်သေးပေ။ နှစ်သင်းလုံးစ ကစားဟန် ကစားကွက်က ခုထိ လိုအပ်ချက် ဟာကွက်တွေ ရှိနေဆဲပင်။ France က အနည်းငယ် သာသယောင် ရှိပေမယ့် Goat ကြီး Portugal ကိုပဲ ချစ်ခင်စိတ်နဲ့ ရွေးလိုက်ပါရစေ။

Venezuela vs Canada မှာတော့ ၃ ပွဲကစား ၃ ပွဲနိုင် အုပ်စုပထမနှင့် ကွာတားဖိုင်နယ် တက်လာသည့် Venezuela ကို Canada တို့ ကျော်ဖြတ် နိုင်ပါ့မလားလို့ သံသယ ဝင်မိ၏။ Canada ကများ မထင်မှတ်ထားတာတွေ လုပ်ပြပြီး ဆီမီးဖိုင်နယ်သို့ တက်သွားလေမလားကတော့ စောင့်ကြည့်ကြရုံပေါ့။

(photos from Euro 2024 & Copa America Facebook pages)



0
0
0.000
3 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000