Match Day

နိုင်ငံပွဲတွေ သာ ရှိသည့် ဒီတပတ်မှာ WSL women super league ရှိနေသေးတာကို ကျနော် သတိမထားမိလိုက်ပေ။ မနေ့ကမှ You Tube ကြည့်နေရင်း Chelsea women vs Man City women တို့၏ ပွဲစဉ်နဲ့ သွားတိုး၏။ နှစ်သင်းလုံးက အသင်းကောင်းတွေ ဖြစ်၏။ ပွဲလည်း ကောင်း၏။ ကျနော် ကြည့်မိချိန်က ဒုတိယပိုင်း မိနစ် 70 တောင် ရောက်နေပြီ။ မိနစ် 70 ထိ ဘယ်သူမှ ဂိုးမသွင်း နိုင်သေးပေ။ ကျနော် ကြည့်နေစဉ်မှာပင် 75 နှင့် 79 မိနစ်တွေမှာ Chelsea အသင်းက 2 ဂိုးဆက် သွင်းယူသွားခဲ့လေ၏။

အဆိုပါ သွင်းဂိုး 2 ဂိုးနဲ့ပဲ Man City ကို အနိုင်ရသွားခဲ့၏။ ယခု နိုင်ပွဲကြောင့် Chelsea တို့ 7 ပွဲ ကစားပြီး 7 ပွဲ နိုင်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထား၏။ WSL မှာတော့ Chelsea women အသင်းက ကျန်အသင်းတွေထက် အမြဲ သာလွန်နေသည်ဟု ပြောလို့ရ၏။ သူ့ကို အခက်တွေ့အောင် လုပ်နိုင်တဲ့အသင်းက အနည်းငယ် လောက်သာ ရှိ၏။

2012 က စတင် ကျင်းပခဲ့သည့် WSL မှာ 8 ကြိမ်တိတိ (အကြိမ်ရေ အများဆုံး) ဗိုလ်စွဲထား၏။ အအောင်မြင်ဆုံး အသင်းဟု ပြောလို့ရ၏။ 2019/20 ကနေ 2023/24 ထိ 5 ကြိမ် ဆက်တိုက် ချန်ပီယံ ဖြစ်ထား၏။ ဒီရာသီမှာလည်း လက်ရှိ အချိန်ထိ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ ဆက်လက် ခရီးဆက်နေ၏။

ကျနော့် အသည်းကျော် Man United women အသင်းကတော့ အမှတ်ပေးဇယား အဆင့် 5 နေရာမှာ ရပ်တည်နေ၏။ 2018 မှာ စတင် တည်ထောင်ခဲ့သည့် United women အသင်း အနေနဲ့ အောင်မြင်မှု အများကြီးတော့ မရယူနိုင်ထားသေးပေ။ 2018 မှာ စတင် တည်ထောင်ပြီး Women Championship မှာ စတင် ဝင်ရောက် ယှဉ်ပြိုင်၏။ ထိုနှစ်မှာပဲ ချန်ပီယံ ဖြစ်ခဲ့ပြီး WSL သို့ တန်းတက် ကစားနိုင်ခဲ့၏။

ပြီးခဲ့သော ရာသီတုန်းက အဆင့် 5 နဲ့သာ ရာသီ သိမ်းနိုင်ခဲ့ပေမယ့် FA Cup မှာတော့ ဗိုလ်လုပွဲမှာ Tottenham women အသင်းကို 4-0 ဖြင့် အနိုင်ရ ဗိုလ်စွဲ ထားနိုင်၏။ တကယ့်ကို ကျေနပ် စရာပင်။ ဒီနေ့ မြန်မာ စံတော်ချိန် ည 9 နာရီခွဲမှာတော့ Man United women အသင်း အနေဖြင့် Leicester City women အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

(Photos from Manchester United & FA cup Facebook pages)



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - November 15, 2024
0
0
0.000