Match Day

avatar

ကဲ ဘောလုံးအကြောင်းပဲ ဆက်ပြောလိုက်ကြရအောင်။ ဒီတပတ်မှာတော့ EPL Round 28 ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ ပွဲစဉ် တချို့ တဝက်တောင် ကစားပြီးသွားပြီ။ အသည်းကျော် စိတ်ဒုက္ခ ပေးနေကြ United ၏ ပွဲစဉ်က ဒီနေ့ ကစားသွားဖို့ ရှိ၏။ မြန်မာစံတော်ချိန် ည 11 နာရီ၊ အိမ်ကွင်းမှာ Arsenal နှင့် ကစားရမည် ဖြစ်၏။

United အတွက် ဒီပွဲ ရလဒ်က ဘာမှ မထူးခြား၊ ဘာ သက်ရောက်မှုမှ မရှိပေမယ့် Arsenal အတွက်ကတော့ ချန်ပီယံ မျှော်လင့်ချက်အတွက် ယခု ပွဲစဉ်က အရေးကြီး၏။ Liverpool နဲ့ အမှတ်ကွာဟမှု လျော့ချနိုငါရင် သူတို့ ရနိုက်သမျှ အမှတ်တွေ အရယူထားဖို့ လို၏။ စုစုပေါင်း 38 ပွဲ ကစားရမယ်၊ ခုက Round 28 ဖြစ်လာပြီဆိုတော့ 10 ပွဲသာ ကစားဖို့ ကျန်၏။ (တချို့အသင်းတွေက 9 ပွဲသာ ကစားဖို့ ကျန်၏)

လက်ရှိမှာ Liverpool က 29 ပွဲ ကစားပြီး အမှတ် 70 ဖြင့် အဆင့် 1 မှာ ရပ်တည်နေ၏။ Arsenal က 27 ပွဲ ကစားပြီး 54 မှတ်ဖြင့် အဆင့် 2 မှာ ရပ်တည်နေ၏။ သူတို့ ကစားဖို့ ကျန်နေသည့် 2 ပွဲလုံး အနိုင်ရခဲ့ရင်တောင် 60 ဆိုတော့ 10 မှတ်က ကွာနေသေး၏။ Liverpool က လက်ကျန် 9 ပွဲမှာ အနည်းဆုံး 4 ပွဲရှုံးဦးမှ၊ Liverpool ခြေချော်ခဲ့ရင်တောင် Arsenal က နိုင်ပွဲ ဆက်ဦးမှ။ တကယ်လို့ သူပါ ခြေချော်ရင် ပြီးရော။

EPL ချန်ပီယံက ကျနော် ပြောခဲ့ဖူးသလိုပဲ အဖြေ ပေါ်နေခဲ့ပါပြီလေ။ Arsenal တို့ ဒီည ကစားမယ့်ပွဲမှာ United ကိုသာ ရှုံးခဲ့ပါက Liverpool သာ ချန်ပီယံဆိုသည့် ရုပ်လုံးက ‌ပိုပေါ်သွားပေလိမ့်မည်။ လက်ရှိ ခြေစွမ်းကြောင့် လက်ကျန်ပွဲစဉ်တွေမှာ Liverpool ခြေချော်ဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ပေ။ ရလဒ်တွေ ဆိုးနေတဲ့ United ကပဲ အနိုင်ယူပြသွားမလား၊ ဒါမှ မဟုတ် လက်ကျန် မျှော်လင့်ချက် ယဲ့ယဲ့လေးကို Arsenal တို့ ဆက်လက် ဆုပ်ကိုင်ထားမလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။

လောလောဆယ်မှာ နောင်တော်ကြီး လမ်းစဉ် လိုက်နေသူကတော့ Man City ဖြစ်၏။ Nottm Forest ကို အဝေးကွင်းမှာ 1-0 ဖြင့် ရှုံးသွားခဲ့၏။ Forest တို့က အဆင့် 3 နေရာကို အသေအချာ ရယူထား၏။ လာမယ့် ရာသီအတွက် ဥရောပ ပြိုင်ပွဲတွေ ဝင်ရောက်ခွင့် အတွက် ယှဉ်ပြိုင်မှုတွေက ယခုထက် ပိုမို ပြင်းထန်လာနိုင်၏။

United men အသင်းက ဝေဒနာတွေ ပေးနေပေမယ့် women အသင်းကတော့ တာဝန်တွေ ကျေနေပါ၏။ မနေ့က Women FA Cup ကွာတားဖိုင်နယ် ပွဲစဉ်မှာ Sunderland women အသင်းကို 3-1 ဂိုးဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်၏။

(photos from Manchester United women & Arsenal pages)



0
0
0.000
9 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 3400 posts.
Your next target is to reach 3500 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000