Manchester is .....

မပြောချင်တော့၊ တကယ်ကို ဒီအသင်းနဲ့ ပတ်သက်လို့ ဘာမှကို မပြောချင်တော့ပေ။ မပြောရပြန်ရင်လည်း ခံစားနေရတာတွေ ပေါ့သွားဖို့ မရှိပြန်ပေ။ သည်းခံလက်စနဲ့ သည်းခံနေရတာက အတော်ဆိုး၏။ ချစ်မိမှတော့ အရာရာ ခါးစည်းခံရုံပေါ့။ မနေ့က EPL Round 24 အဖြစ် Crystal Palace ကို အိမ်ကွင်းမှာ ဧည့်ခံကစားရ၏။ ကြားရက် ယူရိုပါလိဂ်မှာ အနိုင်ရပြီး 16 သင်းအဆင့် တက်ရောက်နိုင်ခဲ့သည့် အပျော်က ကြာကြာ မခံ လိုက်ပေ။ ထို အပျော် မနေ့က တန့်သွားခဲ့၏။

အိမ်ကွင်းမှာ Crystal Palace ကို 0-2 ဖြင့် ရှုံးလေ၏။ ယူရိုပါလိဂ်မှာ မဆိုးလှပေမယ့် (ယတိပြတ် ပြောလို့ မရသေး။ Round of 16 မှာ ခက်ခဲကောင်း ခက်ခဲနိုင်သေး၏။ EPL မှာတော့ မြွေဟောက် ဖြစ်လိုက်၊ ရေမြွေ ဖြစ်လိုက်နဲ့။ တခါတလေဆို တီကောင်ပင် ဖြစ်သွားလိုက်သေး၏။ အဆင့် 10 အထက်ကို ငါတို့ ဘယ်တော့မှ မသွားဟုများ ခိုင်ခိုင်မာမာကြီး ဆုံးဖြတ်ထားကြလေသလားပေါ့။ တော်တော်ဆိုးသည့် United ပင်။

United ပဲ လွဲနေလားဆိုတော့ မြို့ခံ ပြိုင်ဘက် City ကလည်း မနေ့က Arsenal ကို အဝေးကွင်းမှာ 5-1 ဂိုးပြတ် ရှုံးနိမ့်သွားခဲ့၏။ Manchester ညီနောင်တွေ တော်တော်လေး အခြေအနေ ဆိုးနေခဲ့၏။ United ကတော့ ရာသီ အစကတည်းက ဆိုးလာတာမို့ထား၊ City က ရာသီလယ် ရောက်မှ ထဖောက်ခြင်း ဖြစ်၏။ Manchester မြို့သားတွေ ဒီနှစ်တော့ EPL ချန်ပီယံ ဖြစ်ဖို့ မရှိတော့ပေ။

ညီလေးတွေ မစွံပေမယ့် ညီမလေးတွေကတော့ ဖြည်းဖြည်းမှန်မှန် ခရီးဆက်နေခဲ့၏။ Tottenham Hotspur women အသင်းကို 0-1 နဲ့ နိုင်ပြီး WSL အမှတ်ပေးဇယားမှာ အဆင့် 2 နေရာမှာ ရပ်တည်နေ၏။ အဆင့် 1 က Chelsea နဲ့ 7 မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနေခဲ့၏။

(photos from Manchester United & City pages)



0
0
0.000
0 comments