Legends
ဒီနေ့မှာ EPL Week 22 ပွဲစဉ်များထဲမှ အချို့ ကစားမည် ဖြစ်၏။ United အသင်း၏ ပွဲစဉ်ကတော့ နက်ဖြန်မှ ရှိမည် ဖြစ်၏။ ကိုယ့် အိမ်ကွင်းမှာ Brighton အသင်းကို ဧည့်ခံ ကစားရမည် ဖြစ်၏။ Southampton နဲ့ ပွဲစဉ်တုန်းကတော့ ပရိတ်သတ်တွေကို ရင်တုန်၊ ပန်းတုန် ဖြစ်သွား စေခဲ့သေး၏။ မိနစ် 80 ကျော်မှ ဂိုးတွေ ပြန်လိုက်သွင်းပြီး အနိုင် 3 မှတ် ရယူနိုင်ခဲ့၏။ အဆိုပါ ပွဲစဉ်က ဂိုးအားလုံးကို United ကသာ သွင်းယူသွားခဲ့သည်ဟု ဆိုလို့ရ၏။ Southampton ရသွားသည့် ဂိုးကလည်း United မှ own goal သွင်း ပေးခဲ့ခြင်း ဖြစ်၏။
Amad Diallo က ဒီတပတ်ရဲ့ ပြောစမှတ် တွင်ဖွယ် ကစားသမား ဖြစ်ခဲ့၏။ Hat-trick ဂိုး သွင်းယူပြီး United ကို ကယ်တင်ပေးခဲ့သည်ဟု ဆိုလို့ရ၏။ သမိုင်းကို ပြန်လှန် ကြည့်ရင် EPL မှာ မိနစ် 80 နောက်ပိုင်း Hat-trick သွင်းယူနိုင်သည့် ကစားသမား ဆိုလို့ 3 ဦးသာ ရှိ၏။ 3 ဦးလုံးက United က ဖြစ်၏။ Solskjær, Rooney နဲ့ Amad တို့ ဖြစ်၏။
Amad လေးက လက်ထောက် နည်းပြကနေ ယာယီ နည်းပြ အဖြစ် ခဏ ကိုင်တွယ်ခဲ့သည့် Ruud Van Nistelrooy လက်အောက်မှာ ခြေစွမ်း သိသိသာသာ တိုးတက်လာသည့် ကစားသမားဟု ဆိုလို့ရ၏။ ခု Amorim လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်ကိုပါ ရယူနိုင်သည် အထိ ပိုမို ကောင်းမွန်လာခဲ့သည်ဟု ဆိုလို့ရ၏။ အရေးနဲ့ အကြောင်းဆို ဒီကောင်လေးက အတော် အားကိုးရ၏။
မနေ့ညက Facebook သုံးနေရင်း ဝမ်းနည်းစရာ သတင်းတပုဒ် တက်လာခဲ့၏။ United ဂန္တဝင် ကစားသမား Denis Law ကွယ်လွန်သွားသည့် သတင်း ဖြစ်၏။ Old Trafford ကွင်း ရှေ့က ဂန္ထဝင်ကစားသမား ၃ ယောက်ရဲ့ ရုပ်တုထဲမှာ ပါဝင်သူလည်း ဖြစ်၏။ Best, Law and Charlton တို့ ဖြစ်၏။ ခုတော့ အဆိုပါ 3 ယောက်ထဲက ရှင်သန်နေဆဲ တဦးထဲသော သူလည်း သူ့ ကစားဖော်တွေနောက် လိုက်သွားခဲ့လေပြီ။
တဖြည်းဖြည်း ပုံစံကောင်းတွေ ရနေသည့် United တို့ ဒီတပတ်မှာလည်း Brighton ကို အနိုင်ရဖို့ မျှော်လင့် မိပါရဲ့။
(photos from United Facebook page)
!LOLZ
!MEME
lolztoken.com
Desserted!
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: rickonthemoun10
Earn Crypto for your Memes @ HiveMe.me!
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIMP from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻