Last Teams for Quarter Finals
မနေ့ညနှင့် ဒီနေ့ မနက် အစောပိုင်းမှာတော့ Euro 2024 ၏ ၁၆ သင်းဆင့် ပွဲစဉ်များ ဆက်လက် ကစားကြ၏။ ည ၁၀ နာရီခွဲပွဲမှာတော့ France က Belgium ကို ၁-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ပွဲချိန် ၈၅ မိနစ်မှာ Belgium နောက်ခံလူ၏ ကိုယ့်ဂိုးကိုယ် သွင်းယူပေးမှု နှင့်အတူ France တို့ ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်း သွားခဲ့၏။ ည ၁၀ နာရီခွဲ ပွဲကို ကြည့်မယ် ဆိုပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မကြည့်ဖြစ်လိုက်ပေ။
ထိုပွဲအစား မနက် ၁ နာရီခွဲပွဲကို ပထမပိုင်း တပိုင်း ကြည့် ဖြစ်ခဲ့၏။ Portugal vs Slovenia တို့ ပွဲစဉ် ဖြစ်၏။ သာမန် ပွဲချိန်ထိ ဂိုးမရှိသရေကျနေခဲ့၏။ အချိန်ပို ၁၅ မိနစ် နှစ်ပိုင်း ကစားပြီးသည်အထိလည်း သရေကျနေခဲ့သေးသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရ၏။ ပင်နယ်တီမှာတော့ Portugal တို့က ၃-၀ ဖြင့် အနိုင်ရခဲ့၏။ Portugal ဂိုးသမား Diogo Costa က လက်စွမ်းပြပြီး Slovenia ၏ ပင်နယ်တီ ၃ လုံးကို ကာကွယ် ပြသွားခဲ့၏။ Euro သမိုင်းတလျောက် ပင်နယ်တီ ၃ လုံး ကာကွယ်နိုင်သည့် ပထမဆုံး ဂိုးသမားအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့၏။
ကျနော်တို့၏ Goat ကြီး Ronaldo ကတော့ ခုချိန်ထိ ဂိုးမသွင်း နိုင်သေးပေ။ အုပ်စုပွဲ ၃ ပွဲလုံးကော၊ ၁၆ သင်းဆင့်ပွဲကော ဆိုဝော့ ၄ ပွဲတိတိ ဂိုးပေါက် ပျောက်နေခဲ့၏။ ယခုပွဲမှာလည်း အချိန်ပို အထမပိုင်း ၁၅ မိနစ် အတွင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဝင်အောင် မကန်နိုင်ခဲ့ပါဘူး။ ထိုပင်နယ်တီကို ဝင်အောင် မကန်နိုင်ခဲ့လို့ ကလေးငယ် တဦးလို CR7 တယောက် ငိုနေခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီ အဆုံးအဖြတ် ယူချိန်မှာတော့ အမှားအယွင်း မရှိ ဦးဆောင် ကန်သွင်းပြသွားခဲ့ပါတယ်။
ကွာတားဖိုင်နယ်မှာတော့ France နှင့် Portugal တို့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ ဒီနေ့ည ၁၀ နာရီခွဲနှင့် နက်ဖြန်မနက် ၁ နာရီခွဲတို့မှာတော့ လက်ကျန် ၁၆ သင်းဆင့် ပွဲစဉ် ၂ ပွဲကစားသွားဖို့ ရှိနေပါတယ်။ Romania vs Netherlands နှင့် Austria vs Turkiye တို့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ ၁၀ နာရီခွဲပွဲစဉ်ထက် ၁ နာရီခွဲ ပွဲစဉ်ကို ပိုပြီး သဘောကျမိပါတယ်။ Switzerland, Austria & Turkiye အသင်းတွေက ဒီ Euro ပွဲမှာ ကျနော် သဘောကျမိတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အသင်းကြီးတွေက အသင်းကြီး ိာမည်သာ ရှိနေပြီး အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသထားနိုင်ခြင်း မရှိနေသေးပါဘူး။
လက်ရှိ အသင်းကြီးတွေထဲမှာ ခြေမှန်နေတာ ဆိုလို့ အိမ်ရှင် Germany နှင့် စပိန်လောက်ပဲ ရှိမယ် ထင်ပါရဲ့။ ဒီနှစ် Euro က မထင်မှတ်ဘဲ အလယ်အလတ် အသင်းတွေ ခြေစွမ်းပြနေတယ်လို့ပဲ ပြောရပါလိမ့်မယ်။
Euro ပွဲတွေ ပိုဓါတ်ကျနေတာနဲ့ပဲ Copa America ဖက်ကို မလှည့် ဖြစ်နေဘူးရယ်။ ဒီနေ့ မနက် ၆ နာရီခွဲမှာ Group C ရဲ့ အုပ်စု နောက်ဆုံးပွဲတွေ ကစားခဲ့ပါတယ်။ USA တို့ Uruguay ကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး အုပ်စု အဆင့်ကနေ လှည့်ပြန်သွားခဲ့ရပါပြီ။ Panama က Bolivia ကို ၁-၃ ဂိုးဖြင့် အနိုင်ရပြီး အုပ်စု ဒုတိယနဲ့ နောက်တဆင့် တက်သွားခဲ့ပါပြီ။ နက်ဖြန် မနက် ၆ နာရီခွဲမှာတော့ Group D ရဲ့ အုပ်စု နောက်ဆုံးပွဲတွေ ကစားသွားဖို့ ရှိပါမယ်။
(photos from Euro Facebook page)
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIMP from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
Keep up the good work. 👏🎵
Dear beloved Hive creator,
Coding poet Gudasol here to support you sharing your art + life on Hive.
As a fellow creator, I know how hard it is to get the word out there.
I built cXc.world to help creators like us get more support from the blockchain community + beyond.
Share your music on cXc.world, and copy the Markdown for a easy post includes embedded players for Spotify, Youtube, Soundcloud.
That way, you can earn HIVE + stack streams on centralized platforms, as they do still matter.
Not a music creator? No problem. You can still use cXc.world to find + share music you love.
What's next?
Preview the next evolution of cXc, Tetra.earth.
Expose local music from your area!
We're helping grassroots musicians, and you can too by adding their music (no sign up or WAX account required).
Join our community 🐬
Find fellow music lovers in cXc's Discord
Bad news: Saying see you later to Hive! 👋
We didn't get the needed support to continue cXc.world on Hive, as our DHF proposal lacked votes, but [Good News Everyone] cXc.world will add a Markdown copy button, allowing you to easily share your music + music you find on Hive.
For now, we're on WAX, with tools you can use to mint your own Music/Media NFT collection.
Curious about the future of Earth + ET relations? New economic systems?
Find more apps + art from Gudasol
Want to build tools like I used to share this?
I'd love to show you some tips on AI Code generation