ဟိုဟို ဒီဒီ အတွေးများ

ဒီနေ့တော့ စာရေးဖို့ ပျင်းနေခဲ့၏။ ရေးမယ် ရေးမယ်နဲ့ ညနေ 4 နာရီမှပဲ စာရေး ဖြစ်တော့၏။ 5 နာရီကျော်မှာ ပိုစ့်တင်မှာနဲ့ဆိုတော့ ရတော့ ရပါတယ်လေ။ နည်းနည်းတော့ အချိန် ကပ်သွားတာပေါ့။ စာရေးတာကတော့ အဲ့လောက် မကြာပေ။ ရေးကာစတုန်းကသာ ကြာတာပါ။ ပိုစ့် ရေးသက်ကြာလာတော့ ရေးချိန်က ခဏပဲ လိုတာ။ စိတ်လည်းပါ၊ ရေးရမယ့် အကြောင်းအရာလည်း ရှိနေရင် 15 မိနစ်၊ မိနစ် 20 နဲ့လည်း ရေးလို့ ပြီး၏။ စိတ်လည်း မပါ ရေးစရာ အကြောင်းအရာလည်း မယ်မယ်ရရ မရှိဘူး ဆိုရင်တော့ သွားပြီပဲ။ တော်တော် နဲ့လည်း မရေးဖြစ်၊ ရေးပြီ ဆိုရင်လည်း တော်တော်နဲ့ မပြီးတော့ပေ။ ဒီကြားထဲ စာရေးနေရင်းကနေ Facebook, Telegram တွေဖက် ရောက်သွားလိုက်ရင် ပိုကြာသွားရော။

ခုလည်း ရေးသာ ရေးနေတာ ဘာအကြောင်း ပြေရမယ် မသိပေ။ ဒီအတိုင်း ထွေရာလေးပါး ရောက်တက်ရာရာပေါ့လေ။ မနေ့ကတော့ FPL ဂိမ်းပိုစ့်လေး ရေးဖြစ်၏။ Hive FPL မှာ ဝင်ရောက် ကစားခွင့် ရ၊ မရ ကိုတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ ကိုယ့်အသင်းမှာ Hojlund ကို ခေါ်ထားပါတယ်ဆိုမှ ဆရာလေးက မနက်က Arsenal နဲ့ ပွဲမှာ ဒဏ်ရာ ရသွားလို့ လူစား လဲလိုက်ရသေး၏။ ဒဏ်ရာ အခြေအနေနှင့် ဘယ်လောက် ကြာအောင် နားရမလဲ ဆိုတာကတော့ မသိရသေးပေ။ အပေါ့စား၊ အသေးစား ဒဏ်ရာလေးပဲ ဖြစ်ပါစေ။

ဒီနေ့ မြန်မာစံတော်ချိန် မနက် 6 နာရီခွဲမှာတော့ Arsenal နှင့် Man United တို့ friendly match ပွဲစဉ် ကစားခဲ့ကြ၏။ Arsenal က မိနစ် 90 ပွဲချိန်မှာ 2-1 ဂိုးဖြင့် အနိုင်ရပြီး ပင်နယ်တီမှာတော့ Man United က 3-4 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ Friendly match ဆိုပေမယ့် Arsenal က အဓိက ကစားသမား တော်တော်များများကို ထည့်သွင်း ကစားသွားခဲ့၏။ United ထက်ကို အဓိက ကစားသမားတွေ ပိုမိုထည့်သွင်း အသုံးပြုသွားခဲ့၏။

မနက် 6 နာရီခွဲဆိုတော့ မထနိုင်တာနဲ့ မကြည့်လိုက်ရပေ။ Result ပြန်ကြည့်၊ Highlight ပြန်ကြည့်ရုံ လောက်သာ။ ညကိုက ဘယ်လောက် ညနက်ပါစေ နေလို့ရ၏။ မနက်ခင်း အစောကကြ ကျနော့် အတွက် ထရခက်လေ၏။ အမှန်တော့ ခက်တယ် ဆိုတာထက် မနက်ခင်း အစော မထလိုခြင်း ဖြစ်၏။

လက်ရှိ အနေအထားကတော့ Waiting, Loading ကာလဟု ဆိုရမည်။ ပြင်ပ စီးပွားရေး၊ အလုပ်အကိုင် ဘာညာကတော့ lazy ကာလဟု ပြောရမည်။ တကယ်လည်း အပျင်းထူနေမိတာကိုး။ Hive နဲ့ ပတ်သက်ရင်တော့ trying, loading ဟု ပြောလို့ရမည်။ တရက်တပိုစ့် မှန်မှန်လေး ရေးနေတာကလွဲလို့ ခုချိန်ထိတော့ လိုချင်သည့် Goals တွေဆီ မရောက်နိုင်သေးပေ။

အခြား tokens, Crypto တွေနဲ့ ပတ်သက်ရင်လည်း ဖြစ်ချင်၊ ရချင်တာမျိုး ရှိ၏။ နို့ပေမယ့် ခုထိတော့ မြေစမ်း ခရမ်းပျိုးဆဲ၊ သမင်မွေးလိုက် ကျားစားလိုက် ဖြစ်နေဆဲပင်။ တချိန်ချိန် တချိန်ချိန်ဆိုပြီး အားခဲကာ လျှောက်လှမ်းနေပါ၏။ သွားနေရင်တော့ ပန်းတိုင်ကို အနှေးနဲ့ အမြန် ရောက်မှာပဲ မလား။ အဓိကက ရပ်တန့် မနေဖို့ပဲ။

Online Earnings တွေနဲ့ ပတ်သက်ပြီး ကျနော် ဖြစ်ချင် ရောက်ချင်သည့် ပန်းတိုင်တွေကို နောက်ရက်မှ ပိုစ့် သက်သက် ရေးပါဦးမည်။

(photos from Manchester United Facebook page)



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - August 1st 2024
0
0
0.000