Goat
ဒီနေ့တော့ အာရှ ရပ်ဝန်းဘက်ကို သွားကြည့်ရအောင်။ လိဂ်ပွဲစဉ်တွေ မရှိပေမယ့် နိုင်ငံ ပွဲစဉ်တွေကြောင့် ခြောက်ကပ်တဲ့ ရက်သတ်တပတ်တော့ မဖြစ်ခဲ့ပါဘူး။ ပြီးခဲ့သော ရက်ပိုင်းက UEFA Nations League A Championship Quarter Final ပွဲစဉ်များ ကစားခဲ့ကြပါတယ်။ Semi Final ကို တက်ရောက်မယ့် အသင်း 4 သင်းလည်း ထွက်ပေါ် လာခဲ့ပါတယ်။ အသင်းတွေထက် လူပြောများတာကတော့ မဟာလူသား Ronald ပါ။ Denmark နဲ့ ပွဲ မတိုင်ခင်မှာ Guinness world record ဆုကို လက်ခံ ရရှိခဲ့ပါတယ်။ နိုင်ငံတကာ နိုင်ပွဲ (132) အများဆုံး ဆုပါ။ နောက်ထပ် နိုင်ပွဲတွေ နောက်ထပ် world record တွေကို သူ ထပ်မံချိုးဖျက်ပြပြီး ရယူသွားဖို့လည်း ရှိနေပါသေးတယ်။
အသက် 40 အရွယ် ကစားသမား တယောက် အနေနဲ့ ခုလောက်ထိ လုပ်ပြ နိုင်နေတာကကို အတော်လေး ချီးကျူးဖို့ ကောင်းနေပြီ ဖြစ်၏။ သူ့လို လုပ်ပြနိုင်မယ့် နောက်ထပ် ကစားတွေ မြင်ရဖို့တော့ အတော်လေး ခက်ခဲ နေပေလိမ့်ဦးမည်။ UEFA Nations League A Semi Final ပွဲစဉ်တွေကိုတော့ June 5, 6 ရက်နေ့များမှာ ကစားသွားမည် ဖြစ်၏။ Portugal vs Germany, Spain vs France တို့ ယှဉ်ပြိုင် သွားမည် ဖြစ်၏။ ကဲပါ အာရှဇုန်ဘက် တကယ် သွားကြည့်ရအောင်။ အစောက Ronald အကြောင်း နည်းနည်း ပြောမိတာ များများ ဖြစ်သွားတယ်။
World Cup qualification AFC ဇုန်မှာတော့ Japan အသင်းက ပထမဆုံး Qualification ဖြစ်သွားခဲ့ပါပြီ။ 7 ပွဲ ကစားပြီး 19 မှတ်နဲ့ အဆင့် 1 နေရာမှာ ရပ်တည်နေတာပါ။ အဆင့် 2 က Australia ကို 9 မှတ်ထိ ဖြတ်ထားပါတယ်။ 3 ပွဲသာ ကစားဖို့ ကျန်တာမို့ Japan တို့ World Cup ဝင်ခွင့် လက်မှတ်ကို စောစောစီးစီးပဲ ရသွားခဲ့ပါပြီ။
Group A မှာတော့ Iran က အဆင့် 1, Uzbekistan က အဆင့် 2 နေရာမှာ ရပ်တည်နေပါတယ်။ Play Off ကစားခွင့် နေရာကနေ ဆက်လက် ဖိအားပေးနေတဲ့ အသင်း 2 သင်းကတော့ UAE & Qatar ပဲ ဖြစ်ပါတယ်။ Group B ကတော့ စိတ်ဝင်စားစရာပါ။ ဇယားထိပ် 3 သင်းက အမှတ်ကွာဟချက် သိပ်မရှိနေပါဘူး။ South Korea က အဆင့် 1, Jordan က အဆင့် 2, Iraq က အဆင့် 3 မှာ ရပ်တည်နေပါတယ်။ ဒီ 3 သင်းထဲက ဘယ်အသင်းတွေ တိုက်ရိုက် ခြေစစ်ပွဲအောင်သွားမလဲက စိတ်ဝင်စားစရာပါ။
Group C မှာတော့ Japan တသင်း ထွက်ပေါ်လာပါပြီ ကျန်တနေရာ အတွက် Australia, Saudi Arabia တို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့် ASEAN ဒေသရဲ့ တသင်းထဲသော အသင်း Indonesia ကိုလည်း လျော့တွက်ထားလို့ မရပါဘူး။ တိုက်ရိုက် မဟုတ်ရင်တောင် Play Off ကစားခွင့်ရဖို့ သူတို့မှာ အခွင့်အရေးရှိနေပါသေးတယ်။ သေချာ ကစားမယ် ဆိုရင်ပေါ့။
ဒီနေ့မှာ AFC ဇုန် World Cup qualification ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပါသေးတယ်။ Myanmar အသင်း ပွဲလည်း ရှိပါတယ်။ World Cup qualification တော့ မဟုတ်ပါဘူး Asian Cup Round 3 rd Qualification ပါ။ Afghanistan နဲ့ မြန်မာစံတော်ချိန် ညနေ 5 နာရီမှာ ကစားသွားမှာပါ။
(photos from respective Facebook page)
!hiqvote
Nice sharing about it..
!LOLZ. !LUV. !MEME
@donjaun, @chanmin(2/4) sent you LUV. | tools | discord | community | HiveWiki | <>< daily
lolztoken.com
Because they make up literally everything.
Credit: marshmellowman
@donjaun, I sent you an $LOLZ on behalf of chanmin
(2/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: rickonthemoun10
Earn Crypto for your Memes @ HiveMe.me!
Thanks
မြန်မာပွဲတောင် နဲနဲကြည့်လိုက်သေးတယ်
!LOLZ.
!MEME
lolztoken.com
I won’t be able to live with myself.
Credit: marshmellowman
@donjaun, I sent you an $LOLZ on behalf of uthantzin
(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: lolz.burner
Earn Crypto for your Memes @ HiveMe.me!
ကျနော် ကြည့်မို့ဆို၊ မကြည့်လိုက်ရဘူးရယ်။