ဂိတ်ကြမ်းနေပြီ
ဘောလုံးပွဲတွေ မရှိတော့ လူလည်း ယောင်တောင်တောင်နဲ့။ လိဂ်ပွဲစဉ်တွေ ပြီးသွားတုန်းကလည်း ခုလို ဖြစ်ဖူးသေး၏။ နိုင်ငံ ပွဲစဉ်တွေ လာမှပဲ အတန်ငယ် စိတ်သက်သာရာ ရခဲ့၏။ ခုလည်း Euro နှင့် Copa ပြိုင်ပွဲကြီးတွေ ပြီးသွားပြန်တော့ ထိုစဉ်တုန်းကလိုပဲ ခံစားနေရပြန်၏။ အရင်လို စိတ်ခံစားချက်လေးတွေ ပြန်ရဖို့ တလလောက်တော့ စောင့်ရပေလိမ့်ဦးမည်။ August လ လယ်လောက်ဆိုရင်တော့ ဥရောပ လိဂ်ပြိုင်ပွဲတွေ ပြန်စပါပြီလေ။ စောင့်လက်စနဲ့ ဆက်စောင့်ရုံပေါ့။ ဒီကြားထဲ Club friendly matches တွေ ကြည့်ရင်း စိတ်ဖြေပေါ့။
ဒီနေ့ည မြန်မာစံတော်ချိန် ည 9 နာရီခွဲမှာတော့ အသည်းကျော် Man United နှင့် Rangers အသင်းတို့ ခြေစမ်းကစားသွားဖို့ ရှိနေ၏။ ဗွေဆော်ဦး ခြေစမ်း ပွဲစဉ်မှာ Norway Club Rosenborg ကို ရှုံးထားသည့် United အဖို့ ယခု ပွဲစဉ်ကို အနိုင်ကစား ပြဖို့ လိုမည် ဖြစ်၏။ Rosenborg ထက် Rangers အသင်းက ပိုပြီး ခက်ခဲ ပေလိမ့်မည်။ Rangers အသင်းကလည်း United နှင့်တော့ သိပ်မကွာပေ။ သူတို့လည်း ယခုရာသီ၏ ပထမဆုံး friendly match ကို အရှုံးနဲ့ ရင်ဆိုင်ထားရ၏။ Ajax အသင်းကို 2-1 ဂိုးဖြင့် ရှုံးထားခြင်း ဖြစ်၏။
ယနေ့ည ပွဲစဉ်ကတော့ မည်သို့ မည်ပုံ ဖြစ်မည် မသိသေးပေ။ ဒီရာသီ အပြောင်းအရွှေ့မှာတော့ United တို့ ခြေသွက်၊ လက်သွက် ရှိနေ၏။ ဒီကစားသမား ကြိုက်တယ် ခေါ်မယ်၊ ညှိနှိုင်း ပြီးတာနဲ့ တန်းခေါ် ၊တခါတည်း စာချုပ် ချုပ် တကယ်ကို ကြမ်းပြနေခဲ့၏။ အသင်းပိုင်ရှင် Sir Jim Ratcliffe ကတော့ ပရိတ်သတ်တွေ၏ အချစ်ကို သိမ်းယူနေခဲ့ပြီ။
ယခင်တုန်းက ကစားသမား အဝယ်ဆိုရင် တော်တော်ကြာလေ့ ရှိ၏။ စိတ်ဝင်စားတဲ့ အဆင့်၊ ပြောဆိုမယ် (တကြိမ်ပြော၊ နှစ်ကြိမ်ပြော၊ အကြိမ်ကြိမ်ပြော)၊ တကယ် ခေါ်မယ်က အတော်ကြာ၊ မခေါ် ဖြစ်ပြန်တော့နှင့် သံသရာရှည်၊ သံသရာ လည်နေခဲ့တာကြာပြီ။ ခုများ ဒီနေ့ စိတ်ဝင်စားတယ် သတင်းထွက်၊ နက်ဖြန် ခေါ်ပြီးသား ဖြစ်နေ၏။ ကျန် ၁၉ သင်းတွေ ပြောပြောနေကြသလို အမှန်အကန်ကို ဂိတ်ကြမ်းနေခဲ့ပြီ။ ဒီရာသီ ဂိတ် ကြမ်းမယ်၊ ကြည့်ရဲမှ ကြည့်တွေ ပြောနေကြပြီ ဖြစ်၏။
ခြေစွမ်း ကစားကွက် ဘယ်လိုနေမယ် မသိသေး ပေမယ့် ရာသီအစ အပြောင်းအရွှေ့ ဈေးကွက်မှာတင် United ပရိတ်သတ်တို့ ပျော်ရွှင်နေကြ ရပြီ ဖြစ်၏။ ခေါ်ထားတဲ့ လူသစ်တွေကို လာမယ့် ခြေစမ်းပွဲတွေမှာ သုံးပြီး ရာသီသစ် အတွက် ကောင်းမွန်သော ကစားကွက်တွေ ဖော်ဆောင်နိုင်ဖို့ မျှော်လင့်မိ၏။ အပြောင်းအရွှေ့ ဈေးကွက်မှာ ပျော်ရသလို ပွဲတွေ ကစားချိန်မှာလည်း ကစားကွက် ကောင်းကောင်းနဲ့ အနိုင်ယူ ကစားပြမယ်ဆိုရင် ပိုပြီး ပျော်ရပေလိမ့်မည်။ ကျနော်တို့ United ပရိတ်သတ်တွေ အပြည့်အဝ မပျော်ရတာ ကြာခဲ့ပြီ မလား။
(photos from Respective Facebook pages)
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻