Euro is Starting
(photo from Wikipedia)
Euro 2024 ပွဲစဉ်တွေ စတင် ကစားပြီ ဖြစ်၏။ ဒီနေ့ မနက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အိမ်ရှင် Germany vs Scotland တို့ ယှဉ်ပြိုင်ကစားကြ၏။ Scotland အသင်းမှာ ကိုယ်တွေရဲ့ Man United ကစားသမား စကော့တလန်တုတ်ကြီး (ဝါ) စကော့တလန်ဒီဂျောင် (ဝါ) စကော့တလန်ဇီဒန်း ဖြစ်သည့် McTominay ပါဝင် ကစား၏။ နို့ပေမယ့် အိမ်ရှင် Germany ကို 5-1 ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရ၏။
သာမန်ဆိုရင်တော့ ယခုလောက်ထိ ဂိုးပြတ်သွားစရာ မရှိပေ။ ပထမပိုင်း 44 မိနစ်မှာတင် Scotland ကစားသမား Ryan Porteous တိုက်ရိုက် အနီကဒ်နှင့် ထုတ်ပယ်ခံရခြင်းက ထင်တာထက်ကို ဂိုးတွေ ပိုပြီး ပြတ်သွားခဲ့ရ၏။ အိမ်ရှင် Germany အသင်းကို အနိုင်ကစားနိုင်ဖို့ ခက်မှန်း သိပေမယ့် ခုလောက်ထိ ဂိုးတွေ ပြတ်သွားမယ်လို့တော့ မထင်ထားမိခဲ့ပေ။
Germany တို့ ပွဲဦးထွက် 3 မှတ် ရသွားခဲ့ပြီး Scotland တို့ အနေဖြင့်တော့ လက်ကျန် အုပ်စုပွဲတွေက အရေးကြီးလို့သွားခဲ့၏။ ဒီနေ့မှာ နောက်ထပ် ပွဲစဉ် 3 ပွဲ ကစားသွားဖို့လည်း ရှိနေ၏။ မြန်မာစံတော်ချိန် ည 7 နာရီခွဲ၊ ည 10 နာရီခွဲနှင့် မနက် 1 နာရီခွဲ တို့မှာ ကစားသွားကြမည် ဖြစ်၏။
Hungary vs Switzerland
Spain vs Croatia
Italy vs Albania
အဆိုပါ ပွဲစဉ် 3 ပွဲမှာ Spain vs Croatia တို့၏ ပွဲစဉ်ကိုတော့ ပိုသဘောကျမိ၏။ ည 10 နာရီခွဲဆိုတော့ အိပ်ရေးလည်း မပျက်ပေ။ ပွဲကောင်းဆိုတော့ ကြည့်ဦးမှပါလေ။ ည 7 နာရီခွဲပွဲလည်း အဆင်ပြေရင်တော့ ကြည့်လိုက်ပါဦးမည်။ ထိုပွဲကလည်း ကြည့်လို့ ကောင်းနိုင်၏။ တကယ်လည်း ပွဲစဉ်တွေ အားလုံးကတော့ ပွဲကောင်းတွေ ချည်းပင်။ ပိုကြိုက်သည့်ပွဲ၊ အဆင်ပြေသည့်ပွဲကို ကြည့်ရှု အားပေးရုံပင်။
လိဂ်ပွဲစဉ်တွေ ပြီးသွားခဲ့ပေမယ့် ဘောလုံး ပရိတ်သတ်တွေ အတွက်တော့ ပျင်းချိန်ပင် မရပေ။ Euro ပြိုင်ပွဲတွေ ရောက်ရှိလာခဲ့ပြီ မဟုတ်လား။ ရှုံးထွက် ပွဲစဉ်တွေ ရောက်လာခဲ့ရင်တော့ အိပ်ရေးပျက်ရ ပေလိမ့်ဦးမည်။ ပျက်ခါမှပျက်၊ ပွဲကောင်းရင်တော့ ကြည့်ရမှာပင်။ ဒီလိုပွဲမျိုးတွေက အိပ်ပျက်ရ တန်သည် မဟုတ်လား။
!PIZZA
$PIZZA slices delivered:
@walarhein(2/10) tipped @donjaun
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: