End of the Season

ဒီနေ့မှာ EPL ၏ နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ပွဲစဉ်အားလုံး တချိန်ထဲ တပြိုင်နက်ထဲ ကစားကြမည် ဖြစ်၏။ တန်းဆင်းရမယ့် အသင်းတွေ ပေါ်ထွက်လာပြီး ဖြစ်ပေမယ့် ချန်ပီယံ ဖြစ်မယ့် အသင်းကတော့ ခုထိ မသဲကွဲသေးပေ။ လက်ရှိ အနေအထားမှာ Man City အလေးသာတာ မှန်ပေမယ့် Arsenal အတွက်လည်း အခွင့်အရေး ကျန်ရှိနေသေးသည် မဟုတ်လား။

Arsenal ကော၊ Man City ကော အိမ်ကွင်းမှာပဲ ကစားကြရမည် ဖြစ်၏။ Arsenal က Everton နှင့် Man City က West Ham နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ ပြီးခဲ့သော ပိုစ့်တခုမှာလည်း အကျယ် ပြောခဲ့ပြီးပြီမို့ သူတို့ နှစ်သင်းရဲ့ အခြေအနေ အကြောင်းအရာတွေကို အသေးစိတ် ထပ်မပြောနေတော့ပေ။ တဦးထဲ အမြင်၊ စိတ်ဆန္ဒ အလိုအရတော့ Arsenal ကို ဖလားရစေချင်၏။ သူတို့ EPL ဖလားနှင့် ဝေးကွာနေခဲ့တာ နှစ်ပေါင်စ ၂၀ လောက် ရှိခဲ့ပြီ ဖြစ်၏။ ထို့ပြင် Man City သာ ဖလား ထပ်ရသွားရင် မြို့ခံ ပြိုင်ဘက် United အဖို့ ပိုပြီး ပြောစရာ ခေတ်စကားအရဆို ပိုပြီး လေတိုက်ခံရဖို့ ရှိ၏။

လက်ရှိမှာက United ကော၊ City ကော ၃ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ဖူးထားတာခြင်း တူနေ၏။ City သာ ဒီနှစ် ချန်ပီယံ ဖြစ်သွားရင် ၄ နှစ်ဆက် ချန်ပီယံ အဖြစ် စံချိန် တင်သွားနိုင်မည် ဖြစ်၏။ ထိုအချက်က United အတွက် ထိုးနှုက်ချက် ဖြစ်၏။ ရင်နင့်ဖို့လည်း ကောင်း၏။

မိမိ အသင်းက နိမ့်ကျနေချိန် မြို့ခံပြိုင်ဘက် အသင်းကကြ အောင်မြင်မှု သရဖူတွေ တခုပြီး တခု ဆောင်းနေတာကို ကြည့်ရတာလောက် နာကျင်စရာကောင်းတာ မရှိပေ။ မုဒိတာ မပွားနိုင်တာရယ်လို့တော့ မဟုတ်ပေမယ့် စိတ်ထဲ နေလို့ မကောင်းတာ‌ကတော့ အမှန်ပင်။ တဖက်အသင်းက ချန်ပီယံ ဆုရဖို့ ကစားနေရချိန် ကိုယ်တွေ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် မပြောနဲ့ ယူရိုပါလိဂ်နှင့်ဝောာင် လွဲချော်မည့် အနေအထားကိုး။ ယူရိုပါ ကွန့်ဖရန့်လိဂ် ကစားခွင့် ရခဲ့ရင်တောင် ဂုဏ်ယူစရာ တခု ဖြစ်နေမှာ မဟုတ်ပေ။

မနှစ်က Carabao Cup ရခဲ့၏။ ဒီနှစ်ကတော့ FA Cup Final ကစားရဖို့ ရှိနေသေးတော့ မျှော်လင့်ချက် မျှော်လင့်စရာလေးတော့ ကျန်နေပါသေး၏။ ပြောကောင်း ပြောကောင်း FA ဖလား ရခဲ့ရင်တော့ အဆိုးထဲက အကောင်းပေါ့။ ပရိတ်သတ်တွေ အတွက်လည်း ဖြေသိမ့်စရာ ရတာပေါ့လေ။ Ten Hag လည်း သူ့လက်ထက်မှာ နောက်ထပ် ဖလား တလုံး ထပ်ရသွားတာပေါ့လေ။

West Ham တိုက်စစ်မှူး Antonio ကတော့ အသင်းဖော်ဟောင်း Rice အတွက် City ကို အနိုင်ကစားပေးမည် ဆို၏။ တကယ် ဖြစ်လာ၊ မလာကတော့ စောင့်ကြည့်ကြရပေလိမ့်ဦးမည်။ ရာသီသိမ်း ပွဲစဉ်တွေကတော့ တကယ့်ကို အကြိတ်အနယ် ရှိပြီး ကြည့်လို့ကောင်းမှာ အသေအချာပင် ဖြစ်၏။

(photos from EPL Facebook page)



0
0
0.000
2 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000