Down to No 3

1000001829.jpg

United အနေနဲ့ လောလောဆယ် Europa League မှာ Quarter Final အဆင့်သို့ တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်၏။ ချိုမြိန်သော ရလဒ်ဟု ဆိုရမည့် 4-1 ဖြင့် Real Sociedad ကို အိမ်ကွင်းမှာ အနိုင်ရခဲ့၏။ ထပ်ဆောင်း အနေဖြင့် အသင်းခေါင်းဆောင် Fernandes က Hat-trick သွင်းယူ သွားနိုင်ခဲ့ခြင်းက ပိုပြီး ပျော်ရွှင် ကျေနပ်စရာ။ မပျော်ရတာ ကြာတော့ တနည်းအားဖြင့် ဂိုးပြတ် နိုင်ပွဲတွေ မမြင်ရတာ ကြာတော့ ခု နိုင်ပွဲက ကျနော်တို့ အတွက် ပျောက်ဆုံးနေသည့် ပျော်စရာလေး ပြန်ရလိုက်သလိုပင်။ ဘယ်လောက် ကြာရှည်ခံမည်တော့ မသိသေးပေ။ ပျော်ခွင့်ရတုန်း ခဏတော့ ပျော်ရပေလိမ့်ဦးမည်။

ညီလေးတွေက တဖန် ‌ပြန်ကောင်းလာသလို ရှိပေမယ့် ညီမလေးတွေက ထဖောက်လေ၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီ 45 မိနစ်မှာ ကစားသည့် Liverpool women အသင်းနဲ့ WSL Round 16 မှာ အရှုံးနဲ့ ရင်ဆိုင်သွားရ၏။ အဝေးကွင်းမှာ 3-1 ဖြင့် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်၏။ အဆင့် 1 က Chelsea women အသင်း ခြေချော်တာကို စောင့်ရင်း ကိုယ်က အရင် ခြေချော်သွားခဲ့၏။ ထို့ပြင် အဆင့် 3 က Arsenal women အသင်း၏ ကျော်တက်ခြင်းကိုလည်း ခံလိုက်ရ၏။ အမှတ်တူ ဂိုးကွာခြားချက်အရ United women အသင်းက အဆင့် 3 သို့ ဆင်းပေးလိုက်ရ၏။

1000001830.jpg

16 ပွဲ ကစားအပြီးမှာ Chelsea women အသင်းက 44 မှတ်နဲ့ အဆင့် 1 မှာ ရပ်တည်နေပြီး Man United women အသင်းကတော့ 36 မှတ်နဲ့ အဆင့် 3 မှာ ရပ်တည်နေ၏။ Liverpool women အသင်းကိုသာ အနိုင်ရခဲ့ရင် 39 မှတ် ရမည် ဖြစ်ပြီး Chelsea women အသင်းနဲ့ 5 မှတ်ကွာ အနေအထားထိ ဖြစ်လာမှာ ဖြစ်ပေမယ့် ရှုံးနိမ့်သွားသောကြောင့် 8 မှတ်ကွာ အနေအထား ဖြစ်သွားခဲ့ရ၏။ 22 ပွဲ ကစားကြရမှာမို့ ရာသီသိမ်းဖို့ 6 ပွဲသာ ကျန်တော့၏။ United women အသင်း အနေဖြင့် ချန်ပီယံ မျှော်လင့်ချက် မှေးမှိန်သွားပြီ ထင်ပါရဲ့။

WSL ချန်ပီယံ မဖြစ်ခဲ့ရင်တောင် Women Champion League ဝင်ခွင့် အတွက် အဆင့် 2,3 ကနေ သွေဖယ်သွားလို့တော့ မဖြစ်ပေ။ လက်ကျန် 6 ပွဲမှာ အမှတ်ပေး ဇယားထိပ်က အသင်းတွေ အချင်းချင်း ထိပ်တိုက်တွေ့သည့် ပွဲစဉ်တွေ ပါနေသေးတာကြောင့် ဘာတွေ ဆက်ဖြစ်လာမည်ကတော့ ယတိပြတ် ပြောလို့တော့ မရသေးပေ။ အကောင်းဆုံးကိုပဲ မျှော်လင့်ထားကြတာပေါ့။



0
0
0.000
5 comments
avatar

Ecency က တင်မရဘူး
!LOLZ
!MEME

0
0
0.000
avatar

ဟုတ်တယ်
ကျနော်တောင် PeakD ကနေ တင်ထားရတာ။
ခုတော့ ပြန်ရနေပြီဗျ။

0
0
0.000