ဒိုဒိုရယ်
ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ AFC Champions League ကွာတာဖိုင်နယ် ပွဲစဉ် တပွဲ ဖြစ်သည့် Al Nassr (Saudi Arabia) နှင့် Al Ain (UAE) တို့၏ ပွဲစဉ် ယှဉ်ပြိုင်ကစား၏။ ပထမ အကျော့ Al Ain ကွင်းမှာ ကစားစဉ်က Al Ain အသင်းက (၁-၀) ဖြင့် အနိုင်ရထားခဲ့၏။ ထို့ကြောင့်လည်း ဒုတိယ အကျော့ ပွဲစဉ်က Al Nassr တို့ အတွက် အရေးကြီးလှပေ၏။
အရေးကြီးပါတယ် ဆိုမှ အဖွင့်ဂိုး စသွင်းသွားတာက Al Ain အသင်း ဖြစ်နေ၏။ အဖွင့်ဂိုး တင်လား ဆိုတော့ မဟုတ် ဒုတိယ ဂိုးကိုလည်း Al Ain အသင်းကပဲ ထပ်မံ သွင်းယူ ထားသဖြင့် Al Nassr ကို နှစ်ကျော့ပေါင်း (၃-၀) ဖြင့် ဦးဆောင်ထားခဲ့၏။ Al Nassr တို့ အနေဖြင့် ၃ ဂိုး ပြန်လိုက်သွင်းနိုင်ဖို့ လို၏။ ဒါတောင် အဝေးဂိုး စည်းမျဉ်း မရှိတော့လို့သာ။ အဝေးဂိုး စည်းမျဉ်း ထည့်တွက်ရင် သူတို့ ၄ ဂိုးသွင်းနိုင်မှ ရမည်။ ထိုသို့မှ မဟုတ်ရင် Al Ain က နောက်တဆင့် တက်သွားမည် ဖြစ်၏။
ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ဖိကစားနေတာက Al Nassr ဖြစ်၏။ ဒါပေမယ့် ဂိုးတွေ ရသွားနေတာက Al Ain အသင်းက ဖြစ်နေ၏။ သူတို့က တန်ပြန် တိုက်စစ်နဲ့သာ ကစား၏။ အားနည်းသည့် Al Nassr နောက်တန်း အကြောင်းကို သူတို့ ကောင်းကောင်း သိ၏။ ပထမ အကျော့ကလည်း ထို အတိုင်းပင် ကစား သွားခဲ့ခြင်း ဖြစ်၏။
၂ ဂိုး ပေးရပြီးနောက် Al Nassr တို့ သေချာ ဖိဖိစီးစီး ပြန်ကစား၏။ ချေပဂိုး အနိုင်ဂိုးတွေ ပြန်လည် သွင်းယူပြီး နှစ်ကျော့ပေါင်း (၃-၃) ဂိုးဖြင့် သာမန် ပွဲချိန် မိနစ် ၉၀ ပြီးသွားခဲ့၏။ အချိန်ပိုမှာ Al Ain က ဦးဆောင်ဂိုး သွင်း၏။ အဆိုပါ ဦးဆောင်ဂိုးကို ပွဲချိန် ၁၁၈ မိနစ်မှ Ronald က ပင်နယ်တီ ဂိုးဖြင့် ပြန်လည် ချေပ၏။ သို့နှင့် ပင်နယ်တီ အဆုံးအဖြတ် ယူကြရ၏။ ပက်နယ်တီမှာ Al Nassr တို့ (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး ကွာတားဖိုင်နယ် အဆင့်ကနေပဲ နှုတ်ဆက် ထွက်ခွာ ခဲ့ရ၏။
Ronald Al Nassr သို့ ပြောင်းသွားပြီး ကတည်းက Al Nassr အသင်း၏ ပွဲတွေကို ကျနော် စောင်ကြည့် ဖြစ်၏။ ယခု ကွာတားဖိုင်နယ် ပွဲစဉ်ကို ပကျော့ကော၊ ဒုကျော့ကော ကြည့်ဖြစ်၏။ ဒုကျော့ကိုတော့ မိနစ် ၉၀ အထိပဲ ကြည့် ဖြစ်၏။ မနက်ခင်း ၃ နာရီခွဲကျော် ၄ နာရီထိုးခါနီးပြီမို့ အချိန်ပိုတွေ ပင်နယ်တီတွေ အထိတော့ မကြည့်ဖြစ်တော့ပေ။ မကြည့်လိုက်တာပဲ ကောင်းသား၊ ဆက်ကြည့်မိရင် အိပ်ရေး ပျက်တာပဲ အဖတ်တင်နေပေလိမ့်မည်။ ဒါများ စကတည်းက မကြည့်နဲ့ပေါ့ ဆိုက အစောပိုင်း မိနစ် ၉၀ က တကယ် ကြည့်ကောင်း၏။ အချိန်ပိုမှာလည်း ကြည့်ကောင်းမှာ အသေအချာပင်။ ပင်နယ်တီကြမှ ကံမကောင်းဘူး ဖြစ်သွားတာ။ Ronald အတွက်တော့ စိတ်မကောင်း စရာပင်။
ဒီနေ့ ပွဲမှာ သူ တော်တော်လေး ကြိုးစားသွားခဲ့၏။ အသက်အရွယ်နဲ့ မလိုက်အောင် အတော်လေး ကစားသွားခဲ့၏။ သို့ပေမယ့် ကံကြမ္မာက သူ့ဘက်မှာ ရှိမနေခဲ့ပေ။ အောင်မြင်မှုတွေကို ဆာလောင်လွန်းပြီး အကောင်းဆုံး ကြိုးစားသူကိုမှ ကံတရားကြီးက မျက်ကွယ်ပြု ရက်စက်လေတော့၏။
တကယ်တော့လည်း ကံတရားနဲ့ လုံးလုံးကြီး သက်ဆိုင်တာမျိုးတော့ မဟုတ်ပေ။ Al Nassr အသင်း၏ ကစားပုံကကို လိုအပ်ချက်တွေ ရှိနေခဲ့၏။ အထူးအားဖြင့်တော့ နောက်တန်းပေါ့။ နောက်တန်း အတွက် ကစားသမားကောင်းသာ ဖြည့်တင်း နိုင်ခဲ့မယ် ဆိုရင် Al Nassr တို့ ပြည်တွင်း လိဂ်မှာကော၊ အာရှ မှာကော သရဖူ စောင်းနိုင်ပေလိမ့်မည်။
(photos from Al Nassr Facebook page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
AI Nassr ပွဲစဉ်တွေ မကြည့်ဖြစ်သေးဘူး။
နောက်မှ အားပေးပါဉီးမယ်။
!PIZZA
!LUV
ပွဲ အချိန်အများစုက အစောပိုင်းလာတာပါ။ ဒီပွဲပဲ နည်းနည်း နောက်ကျသွားတာ။ ဒိုလေး ကစားတာကို ကြည့်ရဖို့ နှစ်ကာလက နည်းနည်းပဲ ကျန်လို့ Al Nassr ပွဲတွေပါ လိုက်ကြည့် ဖြစ်သွားရော။
!PIZZA
$PIZZA slices delivered:
donjaun tipped myothuzar
@donjaun(2/5) tipped @myanmarkoko
myanmarkoko tipped donjaun
myothuzar tipped donjaun
ဘောလုံးပွဲ တော့ သိပ်မကြည့်ပေမဲ့ ronaldo ရဲ့ အရမ်းကြိုးစားတာကို သဘောကျတယ်
!PIZZA
!LUV
donjaun, myothuzar sent you LUV. 🙂 (1/1) tools | trade | connect | daily
Made with LUV by crrdlx.
ဘောလုံးလောကရဲ့ ကြိုးစားမှု အရှိဆုံး သူ တယောက်။
!PIZZA