Can they Back

Manchester is ... ? Derby ပွဲတွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြ၏။ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြ၏။ ပြာတလှည့် နီတလှည့် လုပ်နေကြလေ့ ရှိသည့် ဒီမြို့သားတွေ ခုတော့ ပြာလည်း မပြာနိုင်၊ နီလည်း မနီနိုင်တော့ပေ။ Manchester is finished အနေအထားသို့ ရောက်သွားခဲ့လေပြီ။

ပြီးခဲ့သော နှစ်တွေမှာ United က အခြေအနေဆိုးနေရင်တောင် City က မြို့ရဲ့ ဂုဏ်ကို တဖန်ပြန်လို့ ထမ်းတင်၊ ခမ်းနားစေသည် မဟုတ်လား။ ဒီနှစ်မှာတော့ ကိုကြီး (United) ဆိုးသလို ညီလေး (City) က လိုက်ဆိုးနေတော့ ဘာပြောလို့ ပြောရမယ်မှန်းကို မသိတော့ပေ။

United က Sir Alex အလွန် နည်းပြ အပြောင်းအလဲတွေ များတာရယ်၊ ဘုတ်အဖွဲ့ တလွဲ လုပ်တာရယ်၊ ကစားသမားတွေက ဖြစ်ချင်သလို ဖြစ်နေကြတာရယ်တွေကြောင့် ယခင် အခြေအနေ မဟုတ်တော့တာကထား။ City တို့ အနေနဲ့ Guardiola လက်ထက်မှာ Sir Alex နဲ့ United လို တရာသီထဲ ဖလား ၃ လုံးယူပြ ခဲ့သည့်အပြင် EPL ချန်ပီယံဆုကိုလည်း ၄ နှစ်ဆက်တိုက် ရယူပြထားခဲ့၏။ တကယ်ဆို City မှာ Guardiola အနေနဲ့ ထပ်လုပ်ပြစရာ ဘာမှ မရှိတော့ပေ။ သူ အားလုံး လုပ်နိုင် ရယူ ပြခဲ့ပြီးပြီ မဟုတ်လား။

တကယ်ဆို Sir Alex နဲ့ United လို၊ Arsène Wenger နဲ့ Arsenal လို၊ Klopp နဲ့ Liverpool လို လှပတဲ့ လမ်းခွဲ၊ အနိုင်နဲ့ပိုင်းတဲ့ ဇာတ်သိမ်းမျိုးတွေ ဖြစ်ခဲ့ ရမှာလေ။ ခုတော့။ Guardiola အနေနဲ့ Barcelona မှာ လမ်းခွဲခဲ့သလို City နဲ့လည်း လမ်းခွဲချိန် တန်ပြီလို့ ကျနော့် အနေနဲ့ မြင်မိ၏။ EPL မှာ Sir Alex နဲ့ Arsène Wenger တို့ကို ခေတ်ပြိုင်ဟု ပြောရရင် (Mourinho က နောက်မှ EPL မှာ ဆရာ နှစ်ပါးနဲ့ အပြိုင်ကြဲ) Klopp နဲ့ Guardiola ကို ခေတ်ပြိုင် တွေဟု ဆိုရပေလိမ့်မည်။ EPL အပြင်ဘက်မှာ လည်း Mourinho နဲ့ Guardiola တို့ ခေတ်ပြိုင်တွေ ဖြစ်ခဲ့တာပဲလေ။

တကယ်ဆို Guardiola အနေနဲ့ စိန်ခေါ်မှု အသစ်တွေကို လုပ်ရတော့မှာ။ Barcelona မှာကော၊ Man City မှာကော သူ လုပ်ပြခဲ့သည့် အရာတွေက သူဟာ ဘယ်လို နည်းပြဆိုတာကို ပြသ၊ သိရှိသွားပြီး ကြပြီလေ။ ဘာမှ ထပ်ပြီး သက်သေပြစရာ လုပ်ပြနေစရာမှ မလိုတော့ဘဲ။ City ကနေ ထွက်၊ ခဏတဖြုတ် အနားယူ ပြီးမှ ပြန်လာ ဒါမျိုးလေးပေါ့။ Sir Alex နဲ့ Arsène Wenger လို တသင်းထဲကို အကြာကြီး ကိုင်တွယ်ချင်နေတာ ဆိုရင်တော့ မပြောတတ်ပေ။

ခုလည်း City အတွက် Guardiola က ဂန္တဝင်နည်းပြ တယောက် ဖြစ်နေပြီပဲလေ။ နို့ပေမယ့် လက်ရှိ ရလဒ်တွေကြောင့် ထိုအရာ ထိုအချက်ကို လာထိခိုက်နေတာကြီးကတော့ မြို့ခံ ပြိုင်ဘက် ပေမယ့်လည်း မခံစားနိုင်ပေ။ Guardiola လို နည်းပြ တယောက် အနေနဲ့ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရတယ် ဆိုတာမျိုးတော့ မဖြစ်စေလိုပေ။ Manchester ညီနောင် နှစ်ပါး အဆိုးသံသရာကနေ ဘယ်အချိန် လွတ်မြောက် ရုန်းထွက်နိုင်မလဲကတော့ မသိ၊ မပြောတတ်ပေ။ တချိန်ချိန်ပေါ့ဟု မျှော်လင့် စောင့်စားရင်း ...



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - January 1st 2025
The Hive Gamification Proposal - Renewal
0
0
0.000