အဖွင့် မလှ

EPL week 1 စတင်ကစားနေပြီ ဖြစ်၏။ လောလောဆယ် ပွဲစဉ် ၇ ပွဲ ကစားလို့ ပြီးသွားခဲ့ပြီ ဖြစ်၏။ ဒီနေ့ ညနှင့် အင်္ဂါနေ့ မှာတော့ လက်ကျန် ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Man United, Liverpool & Arsenal တို့ အသီးသီး နိုင်ပွဲ ကိုယ်စီ ရရှိထားပြီး ဖြစ်၏။ ဒီနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီမှာတော့ Chelsea vs Man City တို့၏ ပွဲကြီး ပွဲကောင်းကို ကြည့်ရမည် ဖြစ်၏။ Chelsea ကစားသမား Palmer သာ ဂိုးသွင်းခဲ့ရင်တော့ ရှယ်ပေါ့။ ကျနော့်အသင်းမှာ သူ့ကို ထည့်ထား၏။

EPL week 1 အဖြစ် ၇ ပွဲ ကစားပြီးထားတာတောင် ကျနော့် FPL အသင်းက ၂၆ မှတ်သာ ရထားသေး၏။ ပျမ်းမျှ ၃၉ မှတ်၊ အများဆုံးက ၁၁၉ မှတ် ဆိုတော့ လက်ရှိ ကျနော့် ရမှတ်က ပျမ်းမျှအောက်တောင် ရောက်လို့နေခဲ့၏။ ကောင်းရော။ hivefpl မှာ ခပ်တည်တည်နဲ့ ဝင် join ထားပြီးမှ အရှက်တွေတော့ ကွဲတော့မည်ထင်။ အဖွင့် ပွဲစဉ် မလို့ပါလေဟု ကိုယ့်ကို ဖြေသိမ့်ထားရ၏။ မန်နေဂျာ လုပ်ရတာ ထင်သလောက် မလွယ်လှပေ။ ကိုယ်တိုင် နည်းပြ အဖြစ်နဲ့ FPL ကစားကြည့်မှပဲ သဘောပေါက်သွားခဲ့၏။

Week 2 မစခင် free transfer ကနေ ကစားသမား အပြောင်းအလဲလေး လုပ်ရင် ကောင်းမလား တွေးနေမိ၏။ free transfer တကြိမ် လုပ်ခွင့် ရှိနေသည်ကိုး။ injury မိနေသည့် ကစားသမား နှစ်ယောက် နေရာကို အစားထိုးရမည် မဟုတ်လား။ Hojlund ကတော့ ဒဏ်ရာကနေ ပြန်သက်သာပြီ ထင်ပါရဲ့။ injury မိနေသည့် ကစားသမားအစား line up မရနေသည့် ကစားသမား၊ ဒါမှ မဟုတ် ခြေစွမ်း မပြနိုင်သည့် ကစားသမားကို လဲလှယ်ရမလားကတော့ မပြောတတ်သေးပေ။ ခုမှ week 1 ဆိုတော့လည်း တချက်တော့ ‌စောင့်ကြည့် လိုက်ပါဦးမည်။

hivefpl ရဲ့ Classic League မှာတော့ အဆင့် ၆၁ နေရာမှာ ရပ်တည်နေ၏။ Head to Head မှာတော့ (week 1 မပြီးသေး) ကျနော့်အသင်းနဲ့ တွေ့သည့် TGIF အသင်းက ၃၄ မှတ်ဖြင့် လောလောဆယ် ကျနော့်အသင်းထက် ၈ မှတ်အသာဖြင့် အနိုင်ရထား၏။ လက်ကျန် အမှတ်လေးတွေပေါင်းရင် သူ့ကို မကျော်တောင် မှီဖို့ မျှော်လင့်မိ၏။ သူလည်း အမှတ်ရဖို့ ရှိနေသေး၏။ ကစားသမား ၅ ယောက်တောင် ရှိနေသေး၏။ ဒီအတိုင်းဆို ကျနော် သူ့ အမှတ်ကို မမှီနိုင်လောက်ပေ။ ကျနော်ရွေးထားသည့် ကစားသမားတွေက အံ့အားသင့်စရာတွေ လုပ်ပြမှပဲ ရနိုင်၊ ဖြစ်နိုင်ပေလိမ့်မည်။

ဘာပဲပြောပြော ဒီည ပွဲကြီး ပွဲကောင်းလေးကိုတော့ ကြည့်ရှု အားပေးလိုက်ပါဦးမည်။ မိတ်ဆွေတို့ကော ဘယ်အသင်း နိုင်မယ် ထင်လဲ။ Chelsea လား၊ City လား။



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000