Another Round of 16

ဒီနေ့ မနက်မှာတော့ ယူရိုပါလိဂ်နှင့် ယူရိုပါ ကွန်ဖရန့်လိဂ် Round of 32 တနည်းအားဖြင့် Round of 16 အတွက် play off ပွဲစဉ်များ ယှဉ်ပြိုင် ကစားကြပါတယ်။ အစဉ်အလာ ရှိတဲ့အသင်း တော်တော်များများ နောက်တဆင့်ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ Roma vs Porto ကတော့ တကယ် အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲကောင်း တပွဲလည်း ဖြစ်ခဲ့ပါတယ်။ Roma တို့ အိမ်ကွင်းမှာ 3-2 ဂိုးနဲ့ အနိုင်ယူပြီး 2 ကျော့ပေါင်း 4-3 ဂိုးနဲ့ 16 သင်းဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ်။

နာမည်ကျော် နည်းပြ Mourinho ကိုင်တွယ်နေတဲ့ Fenerbahce အသင်း လည်း နောက်တဆင့် တက်ခဲ့ပါတယ်။ Belgium ကလပ်အသင်း Anderlecht ကို အဝေးကွင်းမှာ 2-2 ဂိုး သရေကျကာ 2 ကျော့ပေါင်း 2-5 ဂိုးနဲ့ 16 သင်း အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဥရောပ ပြိုင်ပွဲတွေမှာ အထိုက်အလျောက် အောင်မြင်မှုတွေ ရထားတဲ့ Ajax တို့ နောက်ထပ် Belgium ကလပ်အသင်း ဖြစ်သည့် Union St.Gilloise ကို အိမ်ကွင်းမှာ 1-2 ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် 2 ကျော့ပေါင်း ရလဒ် 3-2 ဂိုးနဲ့ Ajax တို့ နောက်တဆင့် တက်နိုင်ခဲ့ပါတယ်။

Union St.Gilloise က ဦးဆောင်ဂိုး 2 ဂိုး အရင်သွင်းထားခဲ့တာပါ။ 2 ကျော့ပေါင်း သရေ ရလဒ် ထွက်ပေါ်နေတာကြောင့် အချိန်ပို ဆက်ကစားခဲ့ရတာပါ။ အချိန်ပိုမှာ Ajax အသင်း ပင်နယ်တီရခဲ့လို့သာ နောက်တဆင့် တက်နိုင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန်ဖရန့်လိဂ်တို့ရဲ့ Round of 16 ပွဲစဉ်တွေကိုတော့ February 21 ရက်နေ့မှာ မဲနှိုက် ရွေးချယ်မှာ ဖြစ်ပါတယ်။ ဘယ်အသင်းတွေ တွေ့ဆုံကြမလဲကတော့ တကယ်ကို စိတ်ဝင်စားစရာပါ။ Man City အသင်းကလွဲလို့ ကျန် EPL အသင်းတွေ ဖြစ်သည့် Liverpool, Arsenal, Aston Villa, Man United, Tottenham & Chelsea အသင်းတွေကတော့ ဥရောပလိဂ် ပြိုင်ပွဲ အိပ်မက် ဆက်လက် ရှင်သန်နေပါသေးတယ်။

ကြားရက်တွေမှာ ဥရောပလိဂ် ပြိုင်ပွဲတွေ ကစားခဲ့ပြီးနောက်မှာတော့ သက်ဆိုင်ရာ လိဂ်ပွဲစဉ်တွေကို စနေ၊ တနင်္ဂနွေမှာ ကစားသွားဖို့ ရှိနေပါတယ်။ EPL ပွဲတွေ ကြည့်ရဦးမပေါ့။

(photos from Google play store)



0
0
0.000
8 comments
avatar

!LOLZ
!LUV
!MEME

0
0
0.000