အင်္ဂလန်ကတော့ အင်္ဂလန် ဆန်ပြ နေပြီ

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာတော့ ဘောလုံး ဘိုးအေကြီး England တို့ Serbia နှင့် ယှဉ်ပြိုင် ကစားကြ၏။ နာမည်ကြီး England တို့ 0-1 ဂိုးဖြင့် အနိုင်ရခဲ့၏။ 13 မိနစ်မှာ သွင်းယူခဲ့သည့် Bellingham ၏ တလုံးထဲသော သွင်းဂိုးဖြင့်သာ အနိုင်ရသွား၏။ အားလုံးက ဗိုလ်စွဲရန် ထင်ကြေးပေးခံထားရသည့် အသင်းက တဂိုးထဲနှင့်သာ ကပ်နိုင်ခဲ့တာကတော့ သိပ်ပြီး မကျေနပ်ချင်စရာပင်။

နာမည်ကြီး ထမင်းငတ်အသင်းကို ပြပါဆိုရင် England ကို ပြရပေလိမ့်မည်။ ပြီးခဲ့သော Euro 2020 မှာ ဗိုလ်လုပွဲ ရောက်ခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ Italy ကို အရှုံး ပေးခဲ့ရ၏။ England အတွက် ကြီးကြီးမားမား အောင်မြင်မှုကလည်း အဆိုပါ 2020 မှာ ဒုတိယဆု ရခဲ့တာသာ ရှိ၏။ 1966 မှာ World Cup ရခဲ့တယ် ဆိုတာကတော့ အတိတ်သမိုင်းတခု အဖြစ်သာ ရှိနေခဲ့၏။

မျိုးဆက်အလိုက် ‌ကစားသမားကောင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဖလားအောင်မြင်မှုရယ်ဆိုပြီး မပြ၊ မရယူပေးနိုင်သေးတာက England အသင်း အတွက်ကော၊ ပရိတ်သတ်တွေ အတွက်ကော စိတ်မကောင်းစရာပင်။ ပရိတ်သတ် အားပေးမှု အများဆုံး လိဂ် တခုဖြစ်သည့် English Premier League ကြီး ရှိနေသည့် England အသင်းဖို့ နိုင်ငံတကာ အောင်မြင်မှု မရယူနိုင်သေးတာက အတော်လေး ဆိုးလှ၏။

Euro 2020 မှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့သည့် England တို့ ယခု Euro 2024 မှာ ဘယ်အဆင့်ထိ ရောက်နိုင်မလဲကတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။

ကျနော်တို့၏ Goat ကြီး CR7 ၏ Portugal ကတော့ လာမည့် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ Czechia နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Ronaldo အတွက် ယခု Euro 2024 က နောက်ဆုံး နိုင်ငံတကာ ပွဲစဉ်လည်း ဖြစ်၏။ Euro 2016 မှာ ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် Ronaldo တယောက် နှစ်ထပ်ကွမ်း Euro ချန်ပီယံ အဖြစ် သိမ်းပိုက် စွမ်းဆောင် သွားနိင်မလားကတော့ စောင့်ကြည့် အားပေးရပေလိမ့်ဦးမည်။

(Photos from Euro 2024 Facebook page)



0
0
0.000
2 comments